ရွှေခြင်း ထပ်ရင် မြတ်တယ်လို့ ဆိုပြီး ရွှေ ၂ ရွှေလို့ လူသိများပြီး ပရိတ်သတ်အချစ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ယနေ့မှာ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ပရိတ်သတ်ကြီး အားကျလောက်ရတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ သူတို့ လှုပ်ရှားမှုလေးတွေကို လူမှုကွန်ယက်တွေမှာ အမြဲတမ်း မျှဝေတတ်ပါသေးတယ်။ ရွှေထူးဟာလည်း ချစ်ဇနီးကို ချစ်တဲ့အကြောင်းတွေအမြဲတမ်း ပြောနေသလို၊ စိတ်ကောက်တဲ့ အခါတိုင်းလည်း ဘယ်လိုချော့ရတယ်ဆိုတာလေးက အစ မျှဝေတတ်ပါတယ်။ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်သလို၊ လက်ရှိအချိန်မှာ ရုပ်ရှင်ဇတ်ကားကြီးတွေကိုလည်း ရွှေထူးဟာ ရိုက်ကူးနေသူတစ်ယောက်ဖြစ်ပါတယ်။

ရွှေေ မာင်နှံ ၂ ဦးပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဧည့်သည် ရုပ်ရှင် ဇတ်ကားကြီးဟာလည်း ပရိတ်သတ်ကြီးရဲ့ ရင်ထဲကို ရောက်ရှိခဲ့ပြီး အားပေးမှုကို အခိုင်အမာ ရခဲ့တဲ့ ဇတ်ကားကြီးပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ်း ဆိုတဲ့ ဇတ်ကားကြီးကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဒါရိုက်တာ သားညီ ရိုက်ကူးပြီး၊ ရွှေထူး၊ ရွှေမှုံရတီ၊ စိုးမြတ်သူဇာ၊ ခေးဆက်သွင်၊ ချိုပြုံး၊ လူမင်း တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ ယင်းရုပ်ရှင်ကားကြီးနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေ လုံးဝမမှတ်မိအောင် ပြောင်းလဲသွားတဲ့ ရွှေထူး နဲ့ ရွှေမူံရတီတို့ရဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဧည့်သည် ရုပ်ရှင်ဇတ်ကားကြီးမှာ အောင်မြင်မှုတွေ ရခဲ့တဲ့ ရွှေမောင်နှံ့ ၂ ဦးဟာ လက်ရှိ ကမ်း ဆိုတဲ့ ရုပ်ရှင်ဇတ်ကားကြီးမှာလည်း နောက်ထပ် အောင်မြင်မှုတွေကို ပိုင်ဆိုင်ကြဦးမှာပါပဲ။ လက်ရှိ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်လေးတွေက သက်သေပါပဲ။ ပရိတ်သတ်ကြီးတောင် မမှတ်လောက်အောင်ကို ပြောင်းလဲထားတဲ့ ဇတ်ရုပ်တွေကို မြင်တွေ့ရမှာ ရင်ခုန်စရာပါပဲနော် ပရိတ်သတ်ကြီး ……..။

Writer – ME( Shwe Yaung Lan )