မင်း သမီးထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး ကြော်ငြာလေးမင်းသမီးတစ်လက်ပဲဖြစ်ပါတယ်..။ချစ်စရာကောင်းပြီး ဆံပင်အရှည်ကြီးနဲ့ အသားဖြူဖြူလေးနဲ့လှတဲ့ ထက်ထက်မိုးဦးကိုတော့ ကလေးရော လူကြီးရော ကြိုက်နှစ်သက်အားပေးခြင်းခံရတဲ့ မင်းသမီးတစ်ဦးလို့ပြောရင် မှားမယ်မထင်ပါဘူး..။

သူ မရဲ့ ကြော်ငြာထဲက စကားလေးတစ်ခွန်းဖြစ်တဲ့” ထက်ထက်တို့ကတော့ ပိုက်ဆံသာရှိရင် တစ်ကိုယ်လုံးကို စိန်စီပစ်လိုက်မှာ” ဆိုတဲ့စာသားလေးကတော့ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ စွဲထင်ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်..။

သူကတော့ လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်းက ပရိသတ်ရှေ့ကနေပျောက်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာခဲ့ပေမယ့် ယခုအချိန်မှာတော့ အနုပညာလောကကို ပြန်လည်ဝင်ရောက်လာသူတစ်ယောက်လည်းဖြစ်ပါတယ်။ဆိုင်ဖွင့်ပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေ ဆက်တိုက်ဆိုသလိုတက်ရောက်နေရပြီး မကြာခင်မှာလည်း မ, အက္ခရာရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။

မ,အက္ခရာရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာစတီးလ်(ဒွေးမေတ္တာ)က စီစဉ်ရိုက်ကူးသွားမှာဖြစ်ပြီး ကျော်သူ၊အလင်းရောင်၊တိုင်ရွှန်၊ခင်လှိုင်၊ထူးခြား တို့အပြင် စိုးမြတ်သူဇာ၊ထက်ထက်မိုးဦး၊ ခင်ဇာခြည်ကျော်၊ အေးမြတ်သူ၊ ဟန်နီ နဲ့ဖြူဖြူထွေးတို့ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးကိုတော့ မကြာခင်မှာစတင်ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ပရိသတ်ရဲ့အချစ်တော် ထက်ထက်မိုးဦးကို ပိတ်ကားထက်မှာပြန်လည်မြင်တွေ့ရတော့မှာဖြစ်တဲ့အကြောင်း ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။Source ;Htet Htet Moe Oo