စာေ တာ့ နည်းနည်းရှည်ပါတယ်

ဒါပေမယ့် ဓမ္မမိတ်ဆွေအပေါင်းကိုဆုံးအောင်တော့ဖတ်ကြည့်စေချင်ပါတယ် ကျွန်တော်အာချောင်ပြီးရေးထားတာတစ်ခုမှမပါဘူးဆိုတာကတော့ တစ်ရာ% ထိသက်သေထူနိုင်ပါတယ်ခင်ဗျာ

2012 ခုနှစ်ကတော့ ကျွန်တော့်ဘဝတစ်သက်တာမှာ အခက်ခဲဆုံး အပြင်းထန်ဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ် အတွေ့အကြုံ အသစ်နဲ့ တကယ်စိတ်လူပ်ရှားစရာကောင်းခဲ့တာကတော့ ဒီလိုပါခင်ဗျာ

ခရီးသွားရတာကိုနှစ်သက်တဲ့ကျွန်နော်က ငွေသိန်းနှစ်ဆယ်ခန့်နဲ့ Local Travel Agent လေးတစ်ခုကို စတင်တည်ထောင်ခဲ့ပါတယ် တိုက်ခန်းဖိုးပေး ဟိုပေး ဒီပေး နဲ့ နောက်ဆုံးမှာ

သောင်းဂဏန်းခန့်သာကျန်ပါတော့တယ် ဒီလိုပဲစလုပ်ခါစ အလုပ်ပါးတော့ လေးငါးယောက်ထိုင်စားလာကြတာနောက်ဆုံးမှတ်မှတ်ရရ ငွေ ၈၀၀ ခန့်သာကျန်ပါတယ် အဲငွေလေးနဲ့

ဈေးသွားကန်စွန်းရွက်လေးဝယ်ပြီးပြန်လာကြပါတယ် ကိုးနဝင်းမိုးလင်းမှသိမယ်ဆိုတာ တကယ်ပါခင်ဗျာ ပြတ်တုန်းလတ်တုန်း ၂၃ ကျော်လို့ ၁၀၃ အပေါင်ဆုံးခါနီ

း မိုးလင်းတော့ ခရီးစဉ်တစ်ခုအတွက် စရံငွေသုံးသိန်းရပါတယ် အဲတာလေးနဲ့စားသောက်ကြရင်း ခရီးစဉ်ပြီးဆုံးချိန်မှာ အသားတင်အမြတ်ငွေငါးသိန်းဝန်းကျင်ခန့်ရခဲ့ပါတယ်

အဲဒီခေါက်ကစလို့ ခရီးစဉ်တွေဆက်တိုက်ရလာပါတယ် ကိုးနဝင်းလည်းတစ်ခေါက်ပြီးတစ်ခေါက် ဆက်တိုက် ဝင်ဖြစ်ပါတယ် အလုပ်ကလည်းလည်ပတ်လာပါတယ်

အဆင်ပြေစပြုလာချိန်မှာ ခုလိုပဲ နောက်တစ်ကွေ့ထပ်ကြုံ လာပြန်ပါတယ် ကျွန်တော်နဲ့ တရုတ်မှာ ဆိုးတူကောင်းဖက် ဖြတ်သန်းခဲ့တဲ့ သူငယ်ချင်း တစ်ယောက်အခက်ခဲတွေနဲ့

ခေတ္တရောက်လာချိန်မှာ နေစရာ စားစရာ ဝတ်စရာ ဖိနပ်ကအစဝယ်ပေးပါတယ် အလုပ်ကလည်း အရင်လိုမနှေးပဲ သွက်လာပါတယ်

သူငယ်ချင်းက ဒီမှာအလုပ်လေးတစ်ခုစပ်ထားတယ် အရောင်းအဝယ်ပေါ့ မူဆယ်နဲ့ရန်ကုန်ဝယ်ရောင်းလေးလုပ်ချင်တယ် တစ်ပြန်ရင်းတစ်ပြန်မြတ်တယ် သုံးခေါက်လောက်ဆို

အရင်းပြန်ပေးမယ် တစ်လခွဲလောက်ဆိုလို့ ခရီးစဉ်တည်ထားတဲ့ငွေထဲက ငါးသိန်းထုတ်ပေးပါတယ် တစ်လခွဲလောက်တော့ရတယ် နောက်လ ၂၇ ရက်နေ့တော့မင်းပေးနိုင်မလားဆိုတော့

အဲလောက်ဆိုရတယ် စိတ်ချပါဘာညာနဲ့ယူသွားတယ် မတိုင်ခင်တစ်ပတ်လောက်အလိုကလည်းဖုန်းဆက်တော့ အဆင်ပြေတယ်တဲ့ ဘာမှမပူပါနဲ့ လာပေးမယ်တဲ့ ကျွန်တော့်မှာတော့

လာနိုးနိုး လာနိုးနိုးနဲ့ ငွေရှင်းရမယ့်အချိန်သာရောက်လာတယ် ဆရာကတော့ပေါ်မလာတော့ဘူး ကျေးဇူးဆပ်သွားခဲ့ပါပြီ ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက် မကြည့်နိုင်

ချွေးဒီးဒီးကျနေချိန်ငွေမရှင်းခင်နာရီပိုင်းလေးအလိုမှာပဲ နောက်ထပ်ခရီးစဉ်တစ်ခုအတွက် စရံငွေလာပေးတာ လိုနေတဲ့ငွေထက် တစ်သိန်းကျော်တောင်ပိုသွားခဲ့ပါတယ် Due Date ရောက်လို့

ငွေမရှင်းရင် booking တွေကင်ဆာလုပ်တာခံရရင် ဧည့်သည်နဲ့ကိုယ်ယုံကြည်မူပျက်ပြီး လုပ်ငန်းပါblack list ပြပြီးလိမ်လည်မူမြောက်ပြီး အချုပ်ရောက်မယ့်ကိန်းပါပဲဗျာ ဧည့်သည်တွေ

ပြန်သွားချိန်မှာတော့ကျွန်တော်တို့တွေသောကတွေမေ့ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဝမ်းသာအားရနဲ့ တစ်ယောက်ဖြစ်နေတာတစ်ယောက်ပြန်ပြောပြီး

တစ်သောသောရယ်ကြပါတော့တယ်ကိုးနဝင်း အဓိဌာန်အပေါ်မှာလည်းယုံကြည်မူပိုတိုးခဲ့ပါတယ် သူငယ်ချင်းအကြောင်းဆက်ပါဦးမယ်

သူကတော့ရွာပြန်ပြီးအေးဆေးပဲဗျ အခြားသူငယ်ချင်းအကူညီနဲ့ဖုန်းပြောရတော့ မူဆယ်ကပစ္စည်းအချမှာ ရင်းထားတာတွေအဖမ်းခံရတယ်တဲ့ ကျွန်တော့်မှာတော့

ဒေါသလေးတွေပြေခဲ့တယ် ငါ့မှာတော့အချုပ်မကျရုံလေးပေါ့ အော် ဒါပေမယ့် ဒါလည်းဟုတ်မှာပါလေ တရုတ်ပစ္စည်းတွေကလည်း တခါတစ်လေ ၁၀၅ မိုင်ဂိတ်မှာဖြစ်စေ

အခန့်မသင့်တဲ့အခါလည်းဒီလိုပဲဖြစ်ပါတယ်လေလို့တွေးပါသေးတယ် ဒါပေမယ့်ကျွန်တော်သိပ်မယုံဘူးဗျ အဲတာနဲ့ကွင်းဆက်လိုက်စုံစမ်းတော့ သူ့သူငယ်ချင်းတစ်ယောက်ပြောပြသွားတာ

KTV မှာ ငွေတွေ တရက်တည်းသိန်းချီဖြုန်းသွားတယ်တဲ့ သူဌေးပုံစံနဲ့အကုန်ဒကာခံသွားသတဲ့ တားမရဘူးတဲ့ဗျာ ကျွန်တော် အရက်တိုက်ပြီးမေးတော့အကုန်ပေါ်တယ်ဗျ

အော်ကျွန်တော်တို့မှာတတွေမှာတော့အလုပ်ကလေးအပေါ်မှာအာရုံစိုက်ပြီးဖြစ်သလိုစားသောက်လို့ စိတ်နာသွားတယ်ဗျ

ဒီလိုနဲ့ လဲရင်ပြန်ထ ဒါလူ့ဘဝပဲဗျ ရှေ့ဆက်လာလိုက်ကြတာ ရာသီကုန်ခါနီးသင်္ကြန်အတွက် လမ်းကြောင်းတွေထပ်ဆွဲတယ် ခရီးသည်တွေလည်းအပြည့် အားလုံးကွက်တိပဲ

သင်္ကြန်မှာကားတွေကရှားတော့ အသိတစ်ယောက်ဆီမှာ ကားနှစ်စီးကျန်တယ် ဆိုလို့ စရံငွေငါးသိန်းပေးလိုက်တယ် ဒီလိုပဲအပြန်အလှန် ရှိနေကျဆိုတော့လည်း

ကားထွက်မယ့်နေ့လည်းကျရောရုံးခန်းပါပိတ်ပြီး ထွက်ပြေးသွားကြပြီ အားလုံးစုစုပေါင်းသိန်း ၂၀ လောက်ပါသွားကြတယ်ပြောတယ်ဗျ ကျွန်တော့်မှာညတွင်းချင်း

ငွေပေးရင်တောင်နောက်ကားရှာမရတဲ့အချိန်မှာ တစ်ခြားအသိဆီကကားတစ်စီးရပါတယ် နှစ်ဆလောက်ပေးလိုက်ရတယ် ဘာပဲဖြစ်ဖြစ်ပါ ကျေးဇူးအရမ်းတင်မိပါတယ်

လောလောစယ်အပူကိုတော့ ဖြေရှင်းလိုက်နိုင်ပါတယ် နောက်နေ့ထွက်မယ့်ကားရဲ့ငွေမလောက်မငမူကိုလည်း အကိုလို အင်တာဗျူး တစ်ခုမှာ ဆုံရင်းခင်မင်ခဲ့ကြတဲ့ ဆရာက

လိုငွေကိုစိုက်ပေးပြီး အချုပ်အနှောင်ကျမယ့်ကိန်းကနေကူညီပေးခဲ့ပါတယ် သူကိုတော့ကျွန်တော်ကျေးဇူးအကြွေးတင်သွားခဲ့ပါတယ် တကယ်မေ့မရပါဘူး

ကျွန်တော်တို့သောကတွေရောက်ခဲ့ကြတယ် အိပ်ရေးတွေပျက်ခဲ့ကြတယ် ဒုက္ခတွေရောက်ခဲ့ပေမယ့် ကိုးနဝင်းတန်ခိုးကြောင့်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ် အဆိုးထဲကအကောင်းပေါ့

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်တစ်နှစ်ပတ်လုံးနီးပါး ကိုးနဝင်းစိပ်ခဲ့ကြတဲ့ကျေးဇူးတွေကတော့အဆိုးဆုံးနှစ်တစ်နှစ်ကို အတွေ့ကြုံသစ်တွေနဲ့ ဟန်မပျက်ရှေ့ဆက်နိုင်ခဲ့ကြပါတယ်

နှစ်ခေါက်အလိမ်ခံရတော့ ရာသီကုန်ချိန်မှာငွေမကျန်ခဲ့ပေမယ့် နောက်နှစ်ရာသီပေါ်ချိန်မှာပဲ အဖော်ကောင်းတစ်ယောက်တွေ့ပြီးအခန်းပြန်ငှါးပြီးဆက်လက်လုပ်ကြပါတယ်

နာမည်လေးလည်းရလာပါတယ် ရာသီကုန်စာရင်းချုပ်တော့ အမြတ်ငွေလေးတွေလည်းသီးခဲ့ကြပါတယ် လေးရာသီမြောက်မှာတော့ ငွေကြေးရှင်တွေကရင်းနှီးမြုပ်နှံပြီးလုပ်ကိုင်လာကြတာကြောင့်

ဈေးကွက်မယှဉ်ပြိုင်နိုင်တော့တာကြောင့် လေးနှစ်မြောက်မှာပဲ ရပ်နားခဲ့ကြပါတယ် လိမ်သွားတဲ့မိတ်ဆွေကတော့ငတ်တလှည့်ပြတ်တလှည့်နဲ့ ဒုက္ခပင်လယ်ဝေပြီး

လူတောမတိုးတော့တာကိုလည်း သူငယ်ချင်းတစ်ယောက်ဆီကတဆင့်ပြန်သိခဲ့ရပါတယ် ကျွန်တော့်ကိုတော်တော်ကြာတဲ့အခါနောင်တရပြီးဖုန်းဆက်ပါတယ်

ကျွန်တော်ကတော့တစ်သက်စာတတာပြလိုက်ပါပြီ နောက်တစ်ယောက်ကလည်း ဝရမ်းပြေးနဲ့ထွက်ပြေးနေရပါတယ်

ကျွန်တော့်တို့လည်းဒုက္ခရောက်ခဲ့ကြပေမယ့် ဂုဏ်တော်ကျေးဇူးကြောင့် အချုပ်အနှောင်ကျမယ့်ကိန်းတွေကို လက်တလုံးခြားဖြတ်ကျော်ခဲ့ကြတာ ခုထက်ထိ မေ့မရခဲ့ပါဘူး

ကျွန်တော့်သူငယ်ချင်းနဲ့ကျွန်တော်ကတော့ခုထက်ထိ အဆက်သွယ်ရှိနေပါတယ် သူကခုထက်ထိ လည်းကိုးနဝင်းပုတီးစိပ်တယ်ပြောပါတယ် သူ့မှာလည်းခုဆိုရင်

ကိုယ်ပိုင်မြေကွက်လေးတွေဝယ်နိုင်ခဲ့သလို ကျွန်တော့်မှာလည်းအငှါးယာဉ်လေးတစ်စီးပိုင်ဆိုင်ခဲ့ပါပြီ

ကြွားဝါခြင်းမဟုတ်ပါဘူးခင်ဗျာ ဆိုလိုချင်တာကဂုဏ်တော်တွေရဲ့ကျေးဇူးကြောင့်ခုလို တဖြည်းဖြည်းအဆင်ပြေလာတာကိုယုံကြည်စေချင်လို့မျှဝေတာပါခင်ဗျာ

ကျွန်တော်တို့ပိုင်ဆိုင်မူဆိုတာ စာမဖွဲ့လောက်ပါဘူး ပစ္စည်းသင်္ခါရ လူသင်္ခါရဆိုတာ ဓမ္မမိတ်ဆွေတွေသိပြီးသားဖြစ်သလို မမြဲပါဘူး

ဒါပေမယ့် နောက်ဆုံးပေးချင်တဲ့ မက်စေ့ကတော့ မိဘကျေးဇူးကိုနိုင်သလောက်ဆပ်ပါ ကျေးဇူးရှိဖူးသူကို မဆပ်နိုင်ရင်တောင် ကျေးမစွပ်ပါနဲ့ ရိုးသားပါ စိတ်ကောင်းထားပါ

ဘာသာတရားအပေါ်၌ သက်ဝင်ယုံကြည်ပြီးတကယ် အလုပ်လုပ်သောသူအတွက် ဓမ္မရဲ့စောင့်ရှောက်ခြင်းကိုခံရပြီး ဒုက္ခဆိုတာပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လွတ်မြောက်နိုင်ကြပါလိမ့်မယ်

ကျွန်တော့်ရဲ့ကိုယ်တွေ့ဖြစ်ရပ်မို့ ရဲရဲကြီးအာမခံပါတယ် တကယ်ယုံကြည်မူထားပြီး လုပ်ကြပါလို့တိုက်တွန်းရင်း

ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး စီးပွားလာဒ်လာဘများဒီရေအလားတိုးပွားနိုင်ကြပါစေလို့

ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

ပင်လယ် ငွေ ဇင်ယော်