ရာဂါ ကပ်ကြီးထဲမှာ တစ်ချို့က ရှောင်ပြေးကြသလို တစ်ချို့က အသက်စွန့်ပြီး အများအကျိုးဆောင်ရွက် တဲ့သူတွေလည်း ရှိပါတယ်.. အဲဒီထဲမှာ ဟီဝေကိုတော့ ဝူဟန်မြို့က ဆရာဝန်တွေ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး.. အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟီဝေဟာ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ဝူဟန်မြို့ထဲကို ဆရာဝန်တွေသွားလာဖို့ စီစဉ်ပေးရသူဖြစ်ပါတယ်…

သူ ဟာ ရောဂါသည်တွေကို အကြိမ်ပေါင်းများစွာ ဆေးရုံကို ပို့ပေးခဲ့သူ၊ ဆရာဝန်တွေကို လူနာတွေဆီပို့ပေးခဲ့သူပါ.. ခုတော့ သူလည်းရောဂါကူးပြီး ဆုံးသွားပါပြီ.. ဝူဟန်မြို့မှာ ကားဆရာဟီဝေ မရှိတော့ပေမယ့် ဝူဟန်သမိုင်းထဲမှာတော့ ရှိနေဦးမှာပါ…

ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းအထိ တရုတ်နိုင်ငံတွင် သေဆုံးသူ ၄၉၁ ဦးရှိပြီး ကူးစက်ခံရသူ ၂၄၃၆၃ ဦးရှိကာ သံသယစောင်ကြည့်ထားသူ ၂၃၂၆၀ ဦး ရှိကြောင်း သတင်းထုတ်ပြန်သည်။ ထို့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ပြန်လည်ကျန်းမာလာသူ ၈၉၂ ဦး ဆေးရုံဆင်းခွင့် ရရှိပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးဌာန၏ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Hwe Min Nyo
Credit-Blacker