ဝူ ဟန်ဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းသွားတဲ့ ဂဏန်းလုပ်ငန်းနှင့် လပွတ္တာပြည်​သူ​တွေရဲ့ စားဝတ်နေရေး ဒုက္ခများ…

နှစ်ေ ပါင်းနှစ်​ဆယ်​​ကျော် ​ရှင်​သန်​ရပ်​တည်​ခဲ့တဲ့ ဂဏန်းလုပ်​ငန်းဟာ တရုတ်​မှာဖြစ်​​နေတဲ့ ၀ူဟန်​ကိုရိုနာဗိုင်းရပ်​​ရောဂါ​ကြောင့်​ ရက်​အကန့်​အသတ်​မရှိရပ်​တန့်​သွားပါပြီ။ ဧရာဝတီတိုင်း​ဒေသကြီး လပွတ္တာမြို့နယ်​ဟာ ဂဏန်း​ရောင်းဝယ်​​ရေးလုပ်​ငန်း​ တော်​​တော်​ကြီးမားကြပါတယ်​။ မြို့​ပေါ်မှာ ဂဏန်းဒိုင်​​ပေါင်း ၁၅၀ ခန့်​ရှိပြီး ဂဏန်းဒိုင်​တစ်​ခုခြင်းမှာ နယ်​ဒိုင်​ခွဲ ပျှမ်းမျှခြင်း ၅ ခု​လောက်​ရှိပါတယ်​။ ဂဏန်းဒိုင်​ခွဲတစ်​ခုခြင်းမှာလဲ ဂဏန်းရှာလုပ်​သား ၂၀ခန့်​ရှိပါတယ်​။

မြို့ ​ပေါ်ဒိုင်​ကြီး​တွေမှာလဲ ကုန်​ကြို၊ ဂဏန်းကြိုးချည်​ကြိုးတုတ်​၊ အလုပ်​ကြမ်းသမားအနည်းဆုံး ၅ ဦးခန့်​ရှိပါတယ်​။ ဂဏန်း​တွေကို တရုပ်​နယ်​စပ်​ မူဆယ်​နဲ့ န်​ကုန်​​လေဆိပ်​ကို ပို့​ပေး​နေတဲ့ ကုန်​ကားနဲ့ယာဉ်​​လောကသား​တွေလဲ ရှိပါ​သေးတယ်​။ ဂဏန်းလုပ်​ငန်းကို အ​ကြောင်းပြုပြီး အလုပ်​လုပ်​ အသက်​​မွေးဝမ်း​ကျောင်းပြု​နေသူဟာ လူဦး​ရေ ၂၀၀၀၀ ခန့်​ရှိပါတယ်​။ မှီခိုသူမိသားစုဝင်​​တွေပါထည့်​တွက်​ရင်​ မနည်းလှပါဘူး။

မြန်​မာ့ဂဏန်းရဲ့​ဈေးကွက်​ဟာ တရုတ်​နိုင်​ငံပါ။ မူဆယ်​က​နေကားနဲ့ပို့သလို၊​လေယာဉ်​နဲ့လဲပို့ပါတယ်​။ ဂဏန်း​ဈေးကွက်​ဟာ တရုတ်​နှစ်​ကူးပြီး​ နောက်​တစ်​လခန့်​​ဈေး​ကောင်းရပါတယ်​။ ဒါ့​ကြောင့်​ကဏန်းကုန်​သည်​များဟာ နှစ်​ကူးမတိုင်​မှီတစ်​ပတ်ေ​လာက်​ ကကြိုတင်​၀ယ်​ယူစု​ဆောင်းသည့်​အပြင်​နှစ်​ကူးပြီးကာလတစ်​လအတွင်း ၀ယ်​ယူတင်​ပို့ခြင်းကိုအားထည့်​လုပ်​​လေ့ရှိပါတယ်​။

တရုတ်​နိုင်​ငံမှာဖြစ်​​နေတဲ့ ၀ူဟန်​ကိုရိုနာဗိုင်းရပ်​​ကြောင့်​ ဇန်​နဝါရီလ ၂၆ရက်​​နေ့ ကစပြီး တရုတ်​နိုင်​ငံကို ဂဏန်းတင်​ပို့ခြင်းကိုပိတ်​လိုက်​ပါတယ်​။ နှစ်​ကူးအတွက်​ ကြိုစုထားတဲ့ကဏန်း​တွေဟာ​ ဈေးကွက်​​ပျောက်​သွားပါတယ်​။ တစ်​ကီလိုကို ၂၂၀၀၀ ကျပ်​ခန့်​ရှိတဲ့ကဏန်း​ဈေးဟာ စားသုံးသူ​ဈေးကွက်​ထဲကို ၅၀၀၀​လောက်​နဲ့ချ​ရောင်းတာလဲရှိပါတယ်​။ ဗုံလုံလို့​ခေါ်တဲ့ ကဏန်း​မွေး​ဖောင်​မှာ အစာ​ကျွေးပြီးပြန်​​မွေး​နေတဲ့သူလဲရှိပါတယ်​။ ကဏန်းကန်​များထဲ ပြန်​လွှတ်​လိုက်​ရသူများလဲရှိပါတယ်​။ ဘ

ယ်​အချိန်​ ဘယ်​​လောက်​ပြန်​ရမယ်​မသိ၊ အရှုံးကြီးရှုံးကြပါတယ်​။ တရုတ်​​ဈေးကွက်​ဟာ နှင်းမှုန်​တိုင်း​ကြောင့်​ ၊မူဆယ်​လမ်းလုံခြုံမှု​ကြောင့်​ ရပ်​ထားရတာ​တွေရှိခဲ့​ပေမဲ့ ရက်​ကန့်​သတ်​ချက်​​ကြောင့်​ထိခိုက်​မှုနည်းပါးတယ်​။ အခုဖြစ်​စဉ်​က ရက်​အကန့်​အသတ်​မရှိပါဘူး။ အရှုံးကြီးရှုံးခဲ့တဲ့ကဏန်းဒိုင်​​တွေကလဲ အလုပ်​မရှိဘဲ လုပ်​သား​တွေကို ထိန်းမထားနိုင်​​တော့ပါဘူး။

ဒီ​တော့ ဂဏန်းလုပ်​ငန်းကို အားကိုးအမှီသဟဲပြု​နေတဲ့ ဂဏန်းအရှာအ​ဖွေလုပ်​သူအစ၊ ၀ယ်​​ရောင်းသမားအလယ်​၊ ကြိုးချည်​ကြိုးတုတ်​သမားအဆုံး အလုပ်​လက်​မဲ့ဖြစ်​ကြ၊ စားဝတ်​​နေ​ရေးကြပ်​တည်းကြဖြစ်​​နေကြပါပြီ။ အခြားအလုပ်​​ပြောင်းလုပ်​ရ​အောင်​လဲ အလုပ်​ကျွမ်းကျင်​မှုမရှိ၊ အလုပ်​အကိုင်​အခွင့်​အလမ်းနည်းပါး​လေ​တော့ ဒီအကြပ်​အတည်းကို​​ဖြေရှင်းဖို့လွယ်​ပါ့မလား။ တာဝန်​ရှိသူများ သိရှိကြပါ​စေ…

U Win Hswe
Credit-Blacker