မန္မာနိုင္ငံ ရဲ့ အထင္ကရျဖစ္တဲ့ ပုဂံၿမိဳ႕ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေၿမ အေရွ႕အိုးထိန္း ေတာင္ကုန္းေပၚကို ခြင့္ျပဳခ်က္မရွိဘဲ တက္ေရာက္ခဲ့တဲ့ တ႐ုတ္နိုင္ငံသား ၁၈ ေယာက္အဖြဲ႕ထဲက ႏွစ္ဦးကို အမႈဖြင့္ၿပီး ဒီကေန႔ ပုဂံရဲစခန္းကို စစ္ေဆးအေရးယူဖို႔ ေခၚေဆာင္သြားပါတယ္။ တ႐ုတ္ခရီးသြားေတြဟာ ဇန္နဝါရီ ၂၉ ရက္က ျမဝတီၿမိဳ႕ကေနတဆင့္ က်ိဳက္ထီးရိုး၊ ေမာ္လၿမိဳင္၊ ပုဂံနဲ႔ မႏၲေလးၿမိဳ႕ေတြကို ၉ ရက္ခရီးစဥ္အရ လာေရာက္လည္ပတ္ခဲ့ၾကသူေတြ ျဖစ္တယ္လို႔ တ႐ုတ္ခရီးသြားအဖြဲ႕ရဲ့ စကားျပန္ ကိုစိုးနိုင္က ေျပာပါတယ္။

တ႐ုတ္နိုင္ငံသား ၁၈ ဦးဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ေမာ္ေတာ္ယာဥ္ ႏွစ္စီးနဲ႔ ေမာင္းႏွင္ တက္ေရာက္ခဲ့ၾကၿပီး ဘုရားကုန္းေပၚမွာ ဘီယာဖာေတြနဲ႔ ေခါက္ထိုင္ခုံေတြကို ေတာင္ကုန္းေပၚမွာ ေနရာယူခ်ထားေနစဥ္ ေဒသခံ ဦးေအးမင္းနဲ႔ဧည့္လမ္းညႊန္ ေဒၚႏွင္းရည္လြင္တို႔ကေန ေရွးေဟာင္း အိုးထိန္းေတာင္ကုန္းေပၚမွာ ကားတက္ေရာက္ခြင့္မရွိေၾကာင္း ဘီယာေသာက္သုံးခြင့္မရွိေၾကာင္း ေျပာၾကားခဲ့တာေၾကာင့္ တ႐ုတ္နိုင္ငံသားအဖြဲ႕ ၁၈ ဦးဟာ ဘီယာဖာေတြနဲ႔ ေခါက္ထိုင္ခုံေတြကို ကားေပၚျပန္တင္ကာ ေတာင္ကုန္းေပၚကေန ျပန္ဆင္းသြားခဲ့ပါတယ္။

ေရွးေဟာင္းနယ္ေၿမ ပုဂံေဒသကအိုးထိန္းေတာင္ကုန္းဟာ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒအရ သတ္မွတ္ထားတဲ့ ေရွးေဟာင္းအေဆာက္အအုံစာရင္းဝင္ ျဖစ္တာေၾကာင့္ ဥပေဒ ပုဒ္မ ၂၀(ခ)မွာ မည္သူမၽွ ေရွးေဟာင္းအေဆာက္အအုံအနီး သတ္မွတ္ထား ေသာနယ္ေျမအတြင္း တုန္ခါမႈျဖစ္ေပၚေစေသာ ယႏၲရားႀကီးအသုံးျပဳျခင္း ယာဥ္အမ်ိဳးမ်ိဳး သြားလာျခင္းကို စာျဖင့္ ႀကိဳတင္ခြင့္ျပဳခ်က္မရဘဲ မျပဳလုပ္ရဟု တားျမစ္သတ္မွတ္ထားပါတယ္။

Myanmar Impression ကုမၸဏီရဲ့ အစီအစဥ္နဲ႔ တ႐ုတ္နိုင္ငံသား ၁၈ ဦးဟာ ဇန္နဝါရီ ၂၉ ရက္က ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္ ၈ စီးနဲ႔ ျမန္မာနိုင္ငံ ျမဝတီ နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး ေမာ္လၿမိဳင္၊ ရန္ကုန္၊ ပုဂံ-မႏၲေလး-အင္းေလး၊ က်ိဳင္းတုံ၊ တာခ်ီလိတ္ၿမိဳ႕ေတြကို သြားေရာက္လည္ပတ္ခဲ့ၾကတာပါ။

ေဖေဖာ္ဝါရီ ၆ ရက္ေန႔မွာ တာခ်ီလိတ္ နယ္စပ္ဂိတ္ကေန ထိုင္းနိုင္ငံကို ျပန္လည္ထြက္ခြာဖို႔ ဟိုတယ္ႏွင့္ ခရီးသြား ညႊန္ၾကားမႈ ဦးစီးဌာနက ခြင့္ျပဳထားတဲ့အတြက္ ေဖာ္ေဖာ္ဝါရီ ၄ ရက္ေန႔မွာေတာ့ အဆိုပါတ႐ုတ္နိုင္ငံသားေတြကို လာခဲ့တဲ့ ခရီးစဥ္အတိုင္း ျပန္လႊတ္ခဲ့ပါတယ္။

ဒီအဖြဲ႕ထဲက တ႐ုတ္နိုင္ငံသား ၂ ဦးကိုေတာ့ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရး ဥပေဒ ပုဒ္မ ၂၁ အရ အမႈဖြင့္လွစ္ထားတာေၾကာင့္ ေဖေဖာ္ဝါရီ ၄ ရက္ေန႔ က သူတို႔တည္းခိုရာ မႏၲေလးၿမိဳ႕ PULLMAN ဟိုတယ္ကေန ပုဂံရဲစခန္းကို ေခၚေဆာင္သြားခဲ့ပါတယ္။

Credit to Dnaekhit Media

Unicode

ပုဂံနယ်မြေ အရှေ့အိုးထိန်းတောင်ကုန်းပေါ်ကို ခွင့်ပြုချက်မရှိဘဲတက်ရောက်သည့် တရုတ်နိုင်ငံသား ၂ ဦးကို အမှုဖွင့် အရေးယူ

မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အရှေ့အိုးထိန်း တောင်ကုန်းပေါ်ကို ခွင့်ပြုချက်မရှိဘဲ တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်အဖွဲ့ထဲက နှစ်ဦးကို အမှုဖွင့်ပြီး ဒီကနေ့ ပုဂံရဲစခန်းကို စစ်ဆေးအရေးယူဖို့ ခေါ်ဆောင်သွားပါတယ်။ တရုတ်ခရီးသွားတွေဟာ ဇန်နဝါရီ ၂၉ ရက်က မြဝတီမြို့ကနေတဆင့် ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ပုဂံနဲ့ မန္တလေးမြို့တွေကို ၉ ရက်ခရီးစဉ်အရ လာရောက်လည်ပတ်ခဲ့ကြသူတွေ ဖြစ်တယ်လို့ တရုတ်ခရီးသွားအဖွဲ့ရဲ့ စကားပြန် ကိုစိုးနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံသား ၁၈ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က မော်တော်ယာဉ် နှစ်စီးနဲ့ မောင်းနှင် တက်ရောက်ခဲ့ကြပြီး ဘုရားကုန်းပေါ်မှာ ဘီယာဖာတွေနဲ့ ခေါက်ထိုင်ခုံတွေကို တောင်ကုန်းပေါ်မှာ နေရာယူချထားနေစဉ် ဒေသခံ ဦးအေးမင်းနဲ့ဧည့်လမ်းညွှန် ဒေါ်နှင်းရည်လွင်တို့ကနေ ရှေးဟောင်း အိုးထိန်းတောင်ကုန်းပေါ်မှာ ကားတက်ရောက်ခွင့်မရှိကြောင်း ဘီယာသောက်သုံးခွင့်မရှိကြောင်း ပြောကြားခဲ့တာကြောင့် တရုတ်နိုင်ငံသားအဖွဲ့ ၁၈ ဦးဟာ ဘီယာဖာတွေနဲ့ ခေါက်ထိုင်ခုံတွေကို ကားပေါ်ပြန်တင်ကာ တောင်ကုန်းပေါ်ကနေ ပြန်ဆင်းသွားခဲ့ပါတယ်။

ရှေးဟောင်းနယ်မြေ ပုဂံဒေသကအိုးထိန်းတောင်ကုန်းဟာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ သတ်မှတ်ထားတဲ့ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် ဖြစ်တာကြောင့် ဥပဒေ ပုဒ်မ ၂၀(ခ)မှာ မည်သူမျှ ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထား သောနယ်မြေအတွင်း တုန်ခါမှုဖြစ်ပေါ်စေသော ယန္တရားကြီးအသုံးပြုခြင်း ယာဉ်အမျိုးမျိုး သွားလာခြင်းကို စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရဟု တားမြစ်သတ်မှတ်ထားပါတယ်။

Myanmar Impression ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ တရုတ်နိုင်ငံသား ၁၈ ဦးဟာ ဇန်နဝါရီ ၂၉ ရက်က ကိုယ်ပိုင်မော်တော်ယာဉ် ၈ စီးနဲ့ မြန်မာနိုင်ငံ မြဝတီ နယ်စပ်ကို ဖြတ်ကျော်ပြီး မော်လမြိုင်၊ ရန်ကုန်၊ ပုဂံ-မန္တလေး-အင်းလေး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့တွေကို သွားရောက်လည်ပတ်ခဲ့ကြတာပါ။

ဖေဖော်ဝါရီ ၆ ရက်နေ့မှာ တာချီလိတ် နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာဖို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားတဲ့အတွက် ဖော်ဖော်ဝါရီ ၄ ရက်နေ့မှာတော့ အဆိုပါတရုတ်နိုင်ငံသားတွေကို လာခဲ့တဲ့ ခရီးစဉ်အတိုင်း ပြန်လွှတ်ခဲ့ပါတယ်။

ဒီအဖွဲ့ထဲက တရုတ်နိုင်ငံသား ၂ ဦးကိုတော့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၁ အရ အမှုဖွင့်လှစ်ထားတာကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့ က သူတို့တည်းခိုရာ မန္တလေးမြို့ PULLMAN ဟိုတယ်ကနေ ပုဂံရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

Credit to Dnaekhit Media