အိမ္ေ ထာင္ရွိ အမ်ိဳးသမီးအား တစ္ေဆာင္တည္းေနသူမွ သားမယားျပဳက်င့္

ေရႊျပည္သာၿမိဳနယ္၊ အမွတ္ ၁၉ ရပ္ကြက္၌ အိမ္ေထာင္ရွိ အမ်ိဳးသမီးတစ္ဦးကို အေဆာင္အတူေန အမ်ိဳးသားက အလိုမတူပဲ သားမယားျပဳက်င့္ေၾကာင့္ ဇန္နဝါရီ ၂၇ ရက္ေန႔က အမႈဖြင့္ တိုင္ၾကားထားတယ္ဟု သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေရႊျပည္သာၿမိဳနယ္၊ အမွတ္ ၁၉ ရပ္ကြက္တြင္ ဇန္နဝါရီ ၂၀ရက္ေန႔က သားမယား ျပဳက်င့္ခံရတဲ့အမ်ိဳးသမီးက ေနအိမ္ေဆာင္မွ ကေလးအတြက္ မုန႔္ထြက္ဝယ္စဥ္ စံပယ္လမ္းထိပ္ အေရာက္၌ ၎ႏွင့္ တစ္ေဆာင္တည္းေနသူ ေက်ာ္ဝင္းခိုင္မွ ေျပာစရာရွိတယ္ဟုေခၚသျဖင့္ လိုက္သြားခဲ့ရာ စံပယ္လမ္းေဘးျခဳံပုတ္အနီးအေရာက္ ေက်ာ္ဝင္းခိုင္က ၎အားတြန္းလဲကာ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း ဆိုသည္။

အလိုမတူပဲသားမယားအျဖစ္ နာရီဝက္ခန႔္ျပဳက်င့္ခဲ့ၿပီး ဒီကိစၥမည္သူကိုမွ ေလ်ာက္မေျပာရန္ ေျပာပါက နင္နဲ႔ငါ ရည္စားျဖစ္ေနတာ ၄လ ေလာက္ရွိၿပီဟု ရပ္ကြက္ထဲ ေျပာဆိုမည္ဟုေျပာသျဖင့္ တရားလိုမွေၾကာက္လန႔္၍ မေျပာပဲေနရာမွ –

ဇန္နဝါရီ ၂၇ရက္ေန႔တြင္ လွိုင္သာယာၿမိဳ႕နယ္ေန ၎၏အမရင္းအားေျပာျပၿပီး ရဲစခန္း၌ အမႈဖြင့္တိုင္ၾကားခဲ့ေၾကာင္း ရဲမွတ္တမ္းမွ သိရသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္၍ အလိုမတူပဲသားမယားျပဳက်င့္သူ ေက်ာ္ဝင္းခိုင္ ၃၁ ႏွစ္အား ေရႊျပည္သာၿမိဳ႕မရဲစခန္းမွ (ပ)၄၅၀/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

Credit to ကိုတင့္ (ေရႊျပည္သာ) Top Phoenix Media Group

Unicode

နင်နဲ့ငါ ရည်စားဖြစ်နေတာ ၄လ လောက်ရှိပြီဟု ပြောပြီး သားမယားပြုကျင့်မှု ဖြစ်ပွား

အိမ်ထောင်ရှိ အမျိုးသမီးအား တစ်ဆောင်တည်းနေသူမှ သားမယားပြုကျင့်

ရွှေပြည်သာမြိုနယ်၊ အမှတ် ၁၉ ရပ်ကွက်၌ အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးကို အဆောင်အတူနေ အမျိုးသားက အလိုမတူပဲ သားမယားပြုကျင့်ကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့က အမှုဖွင့် တိုင်ကြားထားတယ်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြိုနယ်၊ အမှတ် ၁၉ ရပ်ကွက်တွင် ဇန်နဝါရီ ၂ဝရက်နေ့က သားမယား ပြုကျင့်ခံရတဲ့အမျိုးသမီးက နေအိမ်ဆောင်မှ ကလေးအတွက် မုန့်ထွက်ဝယ်စဉ် စံပယ်လမ်းထိပ် အရောက်၌ ၎င်းနှင့် တစ်ဆောင်တည်းနေသူ ကျော်ဝင်းခိုင်မှ ပြောစရာရှိတယ်ဟုခေါ်သဖြင့် လိုက်သွားခဲ့ရာ စံပယ်လမ်းဘေးခြုံပုတ်အနီးအရောက် ကျော်ဝင်းခိုင်က ၎င်းအားတွန်းလဲကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ဆိုသည်။

အလိုမတူပဲသားမယားအဖြစ် နာရီဝက်ခန့်ပြုကျင့်ခဲ့ပြီး ဒီကိစ္စမည်သူကိုမှ လျောက်မပြောရန် ပြောပါက နင်နဲ့ငါ ရည်စားဖြစ်နေတာ ၄လ လောက်ရှိပြီဟု ရပ်ကွက်ထဲ ပြောဆိုမည်ဟုပြောသဖြင့် တရားလိုမှကြောက်လန့်၍ မပြောပဲနေရာမှ –

ဇန်နဝါရီ ၂ရရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ ၎င်း၏အမရင်းအားပြောပြပြီး ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းမှ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူပဲသားမယားပြုကျင့်သူ ကျော်ဝင်းခိုင် ၃၁ နှစ်အား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၄၅၀/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Credit to ကိုတင့် (ရွှေပြည်သာ) Top Phoenix Media Group