လူတွေ ရဲ့ အစားအသောက် သောင်းကျန်းမှု ၊ တိရိစ္ဆာန်တွေနဲ့ ဖက်လဲတကင်းနေမှုတွေကြောင့် တိရိစ္ဆာန်တွေကနေ တစ်ဆင့် ဗိုင်းရပ်စ်ရောဂါတွေ ကူးစက်မှုများလာတာကိုတွေ့ရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ကိုရိုနာ ဗိုင်းရပ်ကလည်း လင်းနို့ နဲ့ မြွေကနေဖြစ်လာတဲ့ ဗိုင်းရပ်စ်ဖြစ်တယ်လို့ သုတေသီတွေက ဆိုကြပါတယ်။ လက်ရှိအချိန်အထိ ကူးစက်ခံရသူ နှစ်သောင်းကျော်ရှိပြီး သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ ပျောက်

ကင်းသွားသူလည်း ၆၄၄ ယောက်ရှိတယ်လို့ အစီရင်ခံစာများအရ သိရပါတယ်။

ထိုင် ဝမ်နိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ထက် ကြောက်စရာကောင်းတဲ့ H1N1 ဝက်တုပ်ကွေးရောဂါဖြစ်ပွားနေပြီးတော့ ၃ လ အတွင်းမှာ သေဆုံးသူ ၅၆ ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ထိုင် ဝမ်နိုင်ငံဟာဆိုရင် လူဦးရေ ၂၄ သန့်ရှိပြီးတော့ ကျွန်းနိုင်ငံလေး တစ်ခုလည်းဖြစ်ပါတယ်။ အခုလို ကူးစက်ရောဂါတွေ ဖြစ်ပွားနေချိန်မှာ ၎င်း နိုင်ငံမှာ ကိုရိုလာရော ၊ ဝက်တုပ်ကွေး H1N1 ပါ ဖြစ်နေတယ်လို့ သိရပါတယ်။ ကိုရိုနာကြောင့် သေဆုံးသူတော့ ထိုင်ဝမ်နိုင်ငံမှာ မရှိသေးဘူးလို့ လည်းသိရပါတယ်။

Writer – SMT ( Shwe Yaung Lan )