ဝူ ဟန်ဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေး တုံ့ပြန်မှုတွေအတွက် အထောက်အပံ့ပစ္စည်းတွေ လိုအပ်နေပြီဖြစ်သလို အခက်အခဲတွေလည်း ရှိနေတယ်လို့ တရုတ်ထိပ်ပိုင်းခေါင်းဆောင်တွေက အတည်ပြုလိုက်ပါတယ်။

တ ရုတ်နိုင်ငံတွင် ၀ူဟန်ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဦးရေ ၄၂၆ ဦး အထိမြင့်တက်လာပြီး လူပေါင်း ၂၀၄၃၈ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။

တနင်္လာနေ့ တစ်ရက်တည်းတွင်ပင် လူ ၆၄ ဦး ထပ်မံသေဆုံးပြီး ကူးစက်ခံရသူဦးရေ ၃၂၃၅ ဦးရေ ထပ်မံမြင့်တက်လာရာ အဓိကအားဖြင့် ၀ူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်တွင် အဓိက ဖြစ်ပွား သေဆုံးနေခြင်းဖြစ်သည်။

၂၀၀၂-၀၃ ဆားစ်ရောဂါ ကူး စက်ပျံ့နှံ့စဉ်က သေဆုံးသူ ၃၄၉ ယောက်ထက် ပိုများခဲ့ပါတယ်။ အဲဒီလို ဖြစ်လာပြီးတဲ့နောက် တရုတ် ကွန်မြူနစ်ပါတီ ပေါလစ်ဗြူရိုအမြဲတမ်းကော်မတီက “အမျိုးသား အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု စနစ်” ကို ပိုမိုကောင်းမွန်အောင်လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

“ဈေးကွက် စောင့်ကြည့်မှုတွေ ပိုအားကောင်းအောင်လုပ်ဖို့ လိုအပ်သလို၊ တရားမဝင် သားရိုင်းတိရစ္ဆာန်ဈေးကွက်နဲ့ ကုန်သွယ်မှုကို ထိထိရောက်ရောက် တိုက်ဖျက်ရမယ်” လို့ ပေါလစ်ဗြူရို အမြဲတမ်းကော်မတီ အစည်းအဝေးမှာ ပြောသွား ကြတဲ့အကြောင်းလည်း ဆင်ဟွာက ဖော်ပြထားပါတယ်။ ပြီးတော့ အစိုးရအနေနဲ့ နှာခေါင်းစည်းတွေ၊ ကာကွယ်ရေးဝတ်စုံတွေ၊ ကာကွယ်ရေး မျက်မှန်တွေလိုမျိုး ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အရေးပေါ်လိုအပ်နေပြီလို့လည်း ပြောသွားပါတယ်။

ဝူဟန်ဗိုင်းရပ်စ် အဓိက ပျံ့နှံ့နေတဲ့ ပြည်နယ်တွေမှာ တရုတ်ပြည်သူ သန်း ၃၀၀ ကျော် နေထိုင်နေတာပါ။ အဲဒီ လူတွေ အားလုံးကို လူကြားထဲသွားရင် နှာခေါင်းစည်း တပ်ဆင်ကြဖို့ ညွှန်ကြားထားပါတယ်။

ဒါပေမဲ့ တရုတ် စက်ရုံတွေက တစ်နေ့ကို နှာခေါင်းစည်း သန်း ၂၀ လောက်ပဲ ထုတ်ပေးနိုင်စွမ်းရှိနေပါတယ်။ ပြီးတော့ ထုတ်လုပ်နိုင်စွမ်းရဲ့ ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ထန်ယူလုံက ပြောထားပါတယ်။

ဒါကြောင့် အာဏာပိုင်တွေနေနဲ့ ဥရောပ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ကနေ နှာခေါင်းစည်းတွေ တင်သွင်းဖို့ ကြိုးစားနေရပြီးတော့ တောင်ကိုရီးယား၊ ဂျပန်၊ ကာဇက်စတန်နဲ့ ဟန်ဂေရီနိုင်ငံတွေကလည်း ဆေးဘက်ဆိုင်ရာ အထောက် အကူပစ္စည်းတွေ လှူဒါန်းနေကြတယ်လို့ ဆိုပါတယ်။

Credit-Blacker