တ ရုတ် အမေရိကန် နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အခြေအတင်ဖြစ်နေကြပါတယ်။ တရုတ်က အမေရိကန်တွေကို စွတ်စွဲတယ် ခရီးသွားခွင့် ပိတ်လို့ မင်းတို့လုပ်တာ လူတွေကို အထူးသဖြင့် ပိုကြောက်စေတယ်။ တခြားနိုင်ငံတွေပါလိုက်လုပ်လို့ ဝ တို့ စီးပွားပျက်နေပြီ ဆိုပြီး ပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကိုလှမ်းတိုင်တယ်။

အေ မရိကန် တွေ over reaction အပို တွေ လုပ်နေတယ်ပေါ့။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ညွန်ချုပ် တဲဒရိုစ့်က ချက်ချင်း တရုတ်ဘက်လိုက်ပြီး နိုင်ငံတွေခရီးသွားလာခွင့်ပိတ်တာ တွေက evidence based ဖြစ်သင့်ပါတယ် မလိုအပ်ပဲ မပိတ်ပါနဲ့ ပြောတယ်။ အမေရိကန် CDC က ချက်ချင်းပြန်ပြောတယ် ငါတို့ ဆုံးဖြတ် တာ science based တဲ့ overreaction မဟုတ်ဖူး ဆိုပြီး တရုတ်တွေကို မက်ဆေခ်ျ့ ပြန်ပေးလိုက်တယ်။

အမေရိကန်သမ္မတ ထရမ့်က သူ့ဆီမှာ တကယ့် ဒေါင်ဒေါင်မြည် ကျွမ်းကျင်သူတွေရှိတယ် လွှတ်ပေးပါ့မယ် ကူညီပါမယ်လို့ အစပိုင်းရက်တွေကပြောခဲ့တယ် တရုပ်ကလက်မခံခဲ့ပါဘူး။

အမေရိကန်တွေ ဝင်လာရင် သူတို့ရဲ့ ရောဂါပိုးထိန်းချုပ်မှု စနစ်နဲ့ ပြန့်ပွားရာ အခြေခံအရင်းအမြစ်ကို သိသွားမှာစိုးရိမ်တာလား ကိုယ့်ပြသနာ ကိုယ်မနိုင်တာကို ထုတ်ပြသလိုဖြစ်မှာစိုးရိမ်တာလားတော့အသေအချာ မပြောနိုင်ပါဘူး။ လက်မခံခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်တွေတုန်းကတော့ ဝူဟန်နည်းပညာတက္ကသိုလ်နဲ့ ဇာတ်လမ်းရှုပ်ထားတဲ့ အမေရိကန် ပညာရှင် ချားလ်စ်ဘိုလိုင်းကို FBI ကဖမ်းလိုက်တယ် TOT လို့ခေါ်တဲ့ ပါရမီရှင်ထောင်ပေါင်းများစွာ စီမံကိန်း နဲ့အတူ ငွေယူပြီး တရုပ်ကိုနည်းပညာပံ့ပိုးနေတာ နည်းပညာခိုးဖို့ စာရွက်စာတမ်းအတု နောက်ကြောင်းအတုတွေနဲ့ တရုပ်ပညာရှင်နှစ်ယောက်ဝင်လာတာကိုဖမ်းလိုက်တာစတာတွေဟာ တရုပ်ပြည်ကြီးကို တွေဝေသွားစေပြီး အရှက်ရသွားစေတာအမှန်ပါပဲ။ ဒီကိစ္စတွေဟာလည်းတစ်ကြောင်း ရှိပါလိမ့်မယ်။

အဲ့ဒီအပြင် ပိုးကူးစက်မှုဟာ နှေးကွေးလာမယ့်အရိပ်အယောင်မတွေ့ရပဲ သေဆုံးနှုန်းဟာမြင့်လာနေတာကို ဖုံးဖိလို့မရတော့တာလည်း တစ်ကြောင်းပါလာပါတယ်။ တရုပ်ဟာ အမေရိကန်က ကျွမ်းကျင်သူတွေကို လက်ခံဖို့ဆုံးဖြတ်လိုက်ပါပြီ။ အမေရိကန်တွေသွားကူညီလိမ့်မယ် ပေါ်လာစရာတွေလည်းထပ်ပေါ်လာလိမ့်မယ် ရောဂါပိုးလည်း ပျောက်သွားလိမ့်မယ် တရုပ်ဟာ လက်ခံချင်လွန်းလို့တော့ဟုတ်ဟန်မတူပါဘူး။

မှတ်ချတ်။ ။တကမ္ဘာလုံးမှာ US CDC ရဲ့ (Epidemiological Intelligence Officer) EIS officers တွေကို အတွေ့အကြုံ ငွေအားလူအားနည်းပညာအား နဲ့ ယှဉ်နိုင်တာ တနိုင်ငံမှာမှ မရှိပါဘူး။ အမေရိကန်မှာ နယ်ပယ်စုံက ပညာရှင်တွေကို Biological warfares တွေကို ရင်ဆိုင်ဖို့ အထူးတလည် လေ့ကျင့်ထား ပေးထားတာကိုး…

Dr, Nyan Win Phyo & Pilon
Credit-Blacker