ကံ ပိတ်ရခြင်းအကြောင်းကတော့ အလွန်နက်နဲပါတယ် လက်ရှိကိုယ့်ရဲ့အပြုအမူ အနေအထိုင် နေအိမ်အခန်းထားသိုမူ့အမှားအယွင်း အသုံးအဆောင်ပစ္စည်းအမှားအယွင်းအခိုက်

ဘုန်းကံနိပ်စေမူ့အပြုအမူတွေအပြင် အတိတ်အကုသိုလ်ကံရဲ့အတားအဆီး အစရှိသဖြင့် ဘက်ပေါင်းစုံကနေရှိနေနိုင်ပါတယ်

အခုပြောမယ့် နည်းကတော့ အဲဒီအတားအဆီးတွေ ကျော်လွှားပြီး မိမိစိတ်ရှည်ရှည်နဲ့လုပ်နေသမျှကံပိတ်တာတွေတဖြည်းဖြည်းအားနည်းစေပြီးကောင်းကံတွေအကျိုးပေးလာစေမှာပါ အခုလုပ်ရမယ့် အရာတွေကို ပြောပြပါမယ်

No(1) မိမိပြုခဲ့ဖူးသမျှသော ကုသိုလ်တွေထဲက မှတ်မှတ်ရရဖြစ်ခဲ့ရပြီး ပီတိဖြစ်ခဲ့ရတဲ့ ကုသိုလ်11မျိုးကိုစာရွက်နဲ့ချရေးပြီးပလပ်စတစ်လောင်းထားပါ

နံနက်တိုင်းအိပ်ယာထထချင်း အဲဒီစာရွက်ကိုအစအဆုံးဖတ်ပြီး ကျေနပ်ပီတိဖြစ်ပါစေ အဲဒီစာရွက်ကိုဖတ်ပြီးမှသာ မျက်နှာသစ်သွားတိုက်ပါ

တကယ်လို့ကိုယ့်မှာမှတ်မှတ်ရရ ကုသိုလ်က11မျိုးမရှိသေးလည်း ရှိသလောက် ချရေးပါ ပြည့်အောင်ထပ်လှူပါ ထပ်ဖြည့်ရေးပါ

No(2) နံနက်တိုင်း ဆဲဆိုတိုင်းထွာခြင်းရှောင်ပါ အကောင်းဆုံးက မေတ္တာသုတ်တရား ဖွင့်ပေးပါ

No(3) အိမ်ရှေ့လမ်းမပေါ်ဆန်ကြဲပါ

No(4)မျက်နှစ်သစ်နေစဉ် စိတ်ထဲကနေ သတ္တဝါအားလုံးကျန်းမာချမ်းသာကြပါစေ လို့ဆုတောင်းပါ

No(4) ဘုရားသောက်တော်ရေကပ်လှူပေးပါ ကပ်လှူနေစဉ် မိမိစိတ်ထဲမှာတကယ့်သက်ရှိထင်ရှားမြတ်စွာဘုရားအားအာရုံပြု၍ကပ်လှူပေးပါ မိမိနူတ်မှလည်း အရဟံ အရဟံ ဟုရွတ်ပေးပါ

No(5) သောကြာနံနက်တိုင်းရှင်သီဝလိကိုယ်တော်မြတ်ကြီးအား သီးမွှေးဌက်ပျောသီးကိုအခွံနွှာသကြားဖြူး၍လှူပေးပါ အပတ်တိုင်းလှူပေးပါ

No(6) တစ်လနှစ်ကြိမ်‌မိမိမွေးနံထောင့်မှာသန့်ရှင်းရေးသေချာလုပ်၍ပဌာန်းအကျယ်ရွတ်ပြီးအမျှဝေပါ

No(7) အင်္ဂါနေ့ည‌‌နေ4:30နှင့်7:30ကြား‌ရောက်တိုင်းငွေ200ကိုလူသွားလမ်းပေါ်လူမသိအောင်ပြစ်ချပါ

No(8) လေးလတစ်ကြိမ်အသက်ကြီးရဟန်းတစ်ပါးအားပျားရည်နှင့်ရေစစ်လှူပေးပါ

No(9) ညမအိပ်ခင် ဘုရားစင်ရှေ့(သို့မဟုတ်) မိမိအိပ်ယာပေါ်မှနေ၍ ဘုရားရှင်အား အာရုံပြု၍ “ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယခုဘဝယခုအချိန်အထိတိုင်အောင် အန‌‌န္တော

အနန္တငါးပါးနှင့် ခင်ပွန်းကြီး၁၀ပါးတို့အပေါ်၌ကာယကံ ဝစီကံ မနောကံတို့ဖြင့် ပြစ်မှားမိခဲ့သည်ရှိသော် ထိုအပြစ်သို့ပြေပျောက်စေရန် တောင်းပန်ကန်တော့ပါသည် မိမိအပေါ်ပြစ်မှားသူတို့ကိုလည်း ခွင့်လွှတ်ပါသည်

ထို့အပြင် သံသရာနှင့် ယခုဘဝတွင် မိမိကသူတစ်ပါးကိုလည်း‌ကောင်း သူတစ်ပါးကမိမိအပေါ ကိုလည်းကောင်း ကျိန်ဆိုခဲ့သော ကျိန်စာများရှိပါကလည်း ပြေပျောက်ပါစေဘုရား ဦးသုံးကြိမ်ချကန်တော့ပြီးအိပ်ပါ

အိပ်နေစဉ် တစ်ခြားဘာအကြောင်းအရာမှမတွေးဘဲ ဘုရားရှင်ရဲ့ပြုံးတော်မူသော မျက်နှာတော်ကိုစိတ်ထဲကအာရုံပြုပြီး အရဟံ အရဟံ ဟုစိတ်ထဲကနေရွတ်ဆိုပြီးအိပ်ပါ

ယခုရေးပြခဲ့တဲ့ အချက်9ချကိုသာ ယုံယုံကြည်ကြည်လုပ်ကြည့်ပါ ဘယ်လောက်ပဲကံဆိုးကံဆိုး ဘယ်လောက်ပဲကံတွေ ပိတ်ချင်သလောက်ပိတ်နေပါစေ ထူးခြားစွာကံတွေပွင့်လာပြီး ကုသိုလ်ကံတွေအကျိုးပေးလာပါလိမ့်မယ်

နည်းကလွယ်ပါတယ် ယုံယုံကြည်ကြည်နဲ့စွဲစွဲမြဲမြဲလုပ်ဖို့သာလိုပါတယ်

(7)ရက်သားသမီးအပေါင်းကံပွင့်လာဘ်ရွှင်အောင်ပွဲဆင်နိုင်ကြပါစေသော်

ကျော်ဘိုဘိုဟိန်း