နိုင် ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။သူမရဲ့ ပြောင်မြောက်တဲ့ အနုပညာပြကွက်တွေနဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားများစွာရှိတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။

သူမ က ခုနောက်ပိုင်းမှာ သူမသရုပ်ဆောင် ရိုက်ကူးတဲ့ ဇာတ်ကားတွေမတွေ့ရတော့ပေမယ့် ခရီးသွားတဲ့ အလှပုံရိပ်ကလေးတွေကြောင့် သူမပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေတာပဲဖြစ်ပါတယ်။ချစ်သူကို အလင်းပြလိုက်တဲ့ ခင်လေးနွယ် ရဲ့ အကြောင်း ကို ဖော်ပြပေးလိုက်ပါတယ်နော်။ခင်လေးနွယ်က ချစ်သူ အီးရှူ လွန်ခဲ့သော ၁၀ နှစ်က အမှားတစ်ခုနဲ့ သူရယ်မနေ့တစ်နေ့ကထိ အမှားပေါင်းများစွာနဲ့ကျမ ရယ်…ရှေ့ဆက်မမှားဖို့ ခွန်အားပေးရင်းနဲ့” ဆိုပြီး ပြောထာပါတယ်။ချစ်သူသက်တမ်း ၁၀နှစ်လောက်ရှိပြီဖြစ်ကြောင်းကို သူမက ပြောပြထားတာပဲ ဖြစ်ပါတယ်။

ခင်လေးနွယ်က သူမတို့ Bff အဖွဲ့ဝင်တွေနဲ့ ခရီးသွားဖြစ်နေပြီး သူငယ်ချင်းများနဲ့ ပျော်စရာ ကောင်းတဲ့ ခရီးသွားပုံရိပ်ကလေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်လေ့ရှိသူပါ။ဒီတစ်ခါမှာတော့ သူမက ချစ်သူကောင်လေးနဲ့ အတွဲပုံရိပ်ကလေးတွေကို ဖော်ပြထားပါတယ်။သရုပ်ဆောင်ခင်လေးနွယ်တို့ ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြမှာပါ။

Credit မိုမိုလေး