တရုတ် က ကိုရိုနာဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကျန်းမာရေးစစ်ဆေးမှုတွေကို တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိပါတယ်….

ရန် ကုန်မြို့က ဈေးဝယ်စင်တာအချို့မှာလည်း ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်တဲ့အနေနဲ့ စင်တာထဲဝင်မယ့်သူတွေကို အပူချိန်တိုင်းစက်တိုင်းတာပြီးမှသာ ဝင်ခွင့်ပြုပြီး အပူချိန် ၁၀ဝ ဒီဂရီဖာရင်ဟိုက်ကျော်သူတွေကို ဝင်ခွင့်မပြုဘူးလို့ The Voice က ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်…

မြန်မာပလာဇာနဲ့ Junction City တို့မှာ အဆိုပါစစ်ဆေးမှုတွေကို လုပ်ဆောင်နေပြီးတော့ ဈေးဝယ်စင်တာထဲ ဝင်လာသူတွေကိုလည်း လက်သန့်ဆေးရည်နဲ့ လက်ဆေးပြီးမှာ ဝင်ခွင့်ပြုတယ်လို့ သိရပါတယ်….

ဒါ့အပြင် ဒီလိုစစ်ဆေးမှုတွေကို Junction City ဈေးဝယ်စင်တာမှာလည်း ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်….ဒီလို လုပ်တာဟာလည်း အစိုးရက ညွှန်ကြားလို့မဟုတ်ဘဲ မိမိအစီအစဉ်နဲ့ ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်….

စစ်ဆေးမှုတွေကို ဇန်နဝါရီလ ၃၁ ရက်နေ့ကနေ စတင်ဆောင်ရွက်နေတာဖြစ်ပြီး ရောဂါကင်းရှင်းတဲ့ထိဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။Source ;The Voice