ဒီနေ့ကေ တာ့ ကျွန်မ ဘဝမှာ လုံးဝမေ့လို့မရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ၂၃ နှစ်ပြည့် မွေးနေ့လေးပါပဲရှင်

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ စိတ်ဓာတ်ကတော့ တကယ့်လေးစား ဦးညွှတ်စရာပါဗျာ ဝူဟမ်ပြန်ကျောင်းသားကျောင်းသူတွေရဲ့

ဆေးမှတ်တမ်းမှာ ရှိတဲ့ မွေးနေ့ကိုကြည့်ပြီး ကျရောက်လာတဲ့ မွေးနေ့ပိုင်ရှင်ကို ဆေးရုံမှာ မွေးနေ့ကိတ်ပို့ပေးပြီး စိတ်ချမ်းမြေ့မှု ရှိအောင် လုပ်ပေးတာတဲ့ဗျာ မွေးနေ့ရှင် မဇင်သစ်လင်း ရေးတဲ့ စာလေးကို ဖတ်ကြည့်ပါဦးဗျာ

ဒီနေ့ ကတော့ ကျွန်မ ဘဝမှာ လုံးဝမေ့လို့မရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ၂၃ နှစ်ပြည့် မွေးနေ့လေးပါပဲရှင် လေးနှစ် တစ်ခါမှ မွေးရက် မွေးလ

တစ်ထပ်တည်းကျတာဖြစ်လို့လည်း ပိုပြီး အမှတ်တရ ဖြစ်နေပါတော့တယ်

ဒီနေ့ မွေးနေ့က ဘုရားလည်း မတက်နိုင် ကိတ်လည်းမခွဲနိုင် ကိုယ်ဘေးနားမှာ

ကိုယ်ချစ်တဲ့လူတွေနဲ့လည်း မရှိနိုင်ဆိုပြီး နည်းနည်း စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ဒီတိုင်းလေးပဲ သာမန် တစ်နေ့တာ ကုန်ဆုံးသွားမှာပါလေ ဆိုပြီး ထင်မှတ်ခဲ့တာ…..

မနက် ၉ နာရီလောက် Duty room က ဖုန်းဆက်တယ် ဒီနေ့ မဇင်သစ်လင်းမွေးနေ့လား တဲ့ မန်းမြို့တော်ဝန် မေးခိုင်းလို့ပါတဲ့ အိပ်ယာကနေတောင် ငေါက်ငနဲ ထထိုင်မိသွားတယ်

ဒီတိုင်းမေးကြည့်ခိုင်းလို့ပါတဲ့ ဟုတ်ပါတယ် ပဲ ဖြေလိုက်မိတာပေါ့ ဒီလိုနဲ့ နေလည်စာ စားချိန် lunch box သွားယူတော့ ဟော!!!! တွေ့ပါပြီ

ကျွန်မ နာမည် နဲ့ မွေးနေ့ဆုတောင်းစာလေး SP bakery က မွေးနေ့ ကိတ်တစ်လုံး 🎂၊ Cafe House က ဖက်ထုပ်ကြော် ဟဲဗီးဝိုင်း ၊ D&G က ice-cream ၈၅ ယောက်စာ 🍧တွေ့ ရပါတယ်

မထိရဲသေးဘူး နာမည်ကြီး ကပ်ထားပေမယ့် duty room ကို သေချာအောင် ဖုန်းဆက်တော့မှ Myanmar Restaurant Association Mandalay က လုပ်ပေးတာပါတဲ့လေ

အရမ်းကို Suprise ရ ပျော်သွားပြီ ကယောင် တွေရိုက်ပြီး ဘာတွေ လုပ်မိမှန်းကို မသိဘူး ကိုယ့်အိမ်က လောက်ပဲ ဖြစ်မယ် ထင်ခဲ့တာ အိမ်ကိုမေးတော့

အိမ်ကအလှူကိစ္စလုပ်ပေးနေတာလေတဲ့ သမီးပြောရင် လုပ်ပေးမှာပေါ့တဲ့ 🤣🤣🤣

ဒီလောက်ထိ ကိုယ် မထင်ထားလောက်အောင် မန္တလေး က

ပိုပြီး ဂရုစိုက်မိတော့ မနေတက်လောက်အောင် ပျော်ရွှင်မြူးတူးမိတာ ဆိုတာ အကြိမ်ကြိမ်ပဲ

မန္တလေးမြို့တော်ဝန်ကြီး၊ Myanmar Restaurant Association Mandalay၊ Cafe House တို့ကို လက်ဆယ်ဖြာ ထိပ်မှာ မိုးပြီး ရင်ထဲကနေ ဂါဝရ ပြုလိုက်ပါသည်

ကျွန်မရဲ့ အရေးပါဆုံး နေ့တစ်နေ့ကို ဒီလို ခြေနေပေါင်းများစွာနဲ့ အလုပ်ရူပ်နေတဲ့ ကြားထဲက အချိန်ပေး သတိတရနဲ့ လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားထက် ပိုတာရှိရင် ပြောချင်မိပါတယ်

မွေးနေ့ကိတ်၊ ဖက်ထုပ်ကြော်များကိုတော့ နေ့လည် ကျွန်မ အခန်း ပတ်ဝန်းကျင်မှာပေးလှူလိုက်ပါမည်

Ice-cream ကိုတော့ ကျောင်းသားတွေကော ဝန်ထမ်းတွေပါ လှူပေးလိုက်ပါသည်

ဤစေတနာရှင် ပုဂ္ဂိုလ်ထူးများကိုလည်း အစဉ် ရင်ထဲ မေတ္တာပို့ ကျေးဇူးတင်မိလျက်….

Zin Thit Lin’s Facebook