တ႐ုတ္ႏို င္ငံမွာ စတင္ျဖစ္ပြါးတဲ့ Corona ဗိုင္းရပ္စ္ေရာဂါပိုး ကူးစက္ခံထားရျခင္းရွိမရွိ ေစာင့္ၾကည့္ေနတဲ့ သံသယေစာင့္ၾကည့္လူနာ ၇ ဦးရွိသြားၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနခြဲ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဗြီအိုေအကိုအတည္ျပဳေျပာဆိုပါတယ္။ “ခုထက္ထိကေတာ့ သံသယေစာင့္ၾကည့္လူနာ ၈ ေယာက္ရွိပါတယ္။ ၈ ေယာက္မွာ ၁ ေယာက္ကေတာ့ ေဆး႐ုံကဆင္းသြားၿပီျဖစ္တဲ့အတြက္ ၇ ေယာက္က်န္ပါတယ္။” ဇန္နဝါရီ ၃၁ ရက္ေန႔က ရန္ကုန္ေလဆိပ္ကေန ေဝဘာဂီေဆး႐ုံကိုပို႔ေဆာင္ ေစာင့္ၾကည့္စစ္ေဆးခဲ့တဲ့ တ႐ုတ္ႏိုင္ငံသားရဲ႕ ဓာတ္ခြဲခန္းအေျဖအရ ဗိုင္းရပ္စ္မရွိတဲ့အတြက္ ေဖေဖာ္ဝါရီ ၃ ရက္ေန႔မွာ ေဆး႐ုံက ဆင္းခြင့္ျပဳခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန က ထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေန႔မွာပဲ လႈိင္သာယာၿမိဳ႕နယ္အတြင္း တ႐ုတ္ႏိုင္ငံသား ဖ်ားနာလူနာ တစ္ေယာက္ေတြ႕ရွိတာေၾကာင့္ ေဝဘာဂီေဆး႐ုံကို တင္ပို႔ထားတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

“လႈိင္ သာယာက အသက္ ၃၂ ႏွစ္အ႐ြယ္ရွိတဲ့ တ႐ုတ္ႏိုင္ငံသားေပါ့ေနာ္။ သူက ဖ်ားတယ္၊ ေခ်ာင္းဆိုးတယ္၊ အသက္ရႉရခက္ခဲတာေတြ ရွိတယ္။ ေနာက္ သူက ၿပီးခဲ့တဲ့ ႏွစ္ပတ္အတြင္း တ႐ုတ္ျပည္က ျပန္လာတယ္။ အဲဒါေၾကာင့္ ဒါေတြက သံသယလူနာနဲ႔ ကိုက္ညီတဲ့အတြက္ေၾကာင့္မို႔ သူ႔ကိုေသခ်ာ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ၿပီးေတာ့ ကုသမႈေပးပါတယ္။ လက္ရွိမွာဆို ေဝဘာဂီေဆး႐ုံမွာ ပို႔ေဆာင္ၿပီး ကုသတဲ့လူနာအေနနဲ႔ ႏွစ္ေယာက္ရွိပါတယ္။ ဒီလႈိင္သာယာက တ႐ုတ္အမ်ိဳးသားရယ္၊ ေနာက္ ၁၅ႏွစ္အ႐ြယ္ ထိုင္ဝမ္ကေလးငယ္ရယ္။ သူတို႔ႏွစ္ေယာက္ကိုေတာ့ ေဝဘာဂီေဆး႐ုံမွာ ကုသမႈေပးေနပါတယ္။” ရန္ကုန္ၿမိဳ႕ ေဝဘာဂီေဆး႐ုံမွာ သံသယ‌ေစာင့္ၾကည့္လူနာ ၂ ဦး၊ ေနျပည္ေတာ္၊မင္းျပား၊ က်ိဳင္းတုံ ၊ လႈိင္ေကာ္ နဲ႔ နမၼတူၿမိဳ႕ ေတြမွာ သံသယလူနာ ၁ ဦးစီ ေတြ႕ရွိထားတာေၾကာင့္ အထူးေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။ သံသယလူနာေတြရဲ႕ ဓာတ္ခြဲနမူနာေတြကို ရည္ၫႊန္းဓာတ္ခြဲခန္းေတြဆီေပးပို႔စစ္ေဆးထားတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

VOA Burmese News

Unicode

တရုတ်နို င်ငံမှာ စတင်ဖြစ်ပွါးတဲ့ Corona ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရခြင်းရှိမရှိ စောင့်ကြည့်နေတဲ့ သံသယစောင့်ကြည့်လူနာ ၇ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကိုအတည်ပြုပြောဆိုပါတယ်။ “ခုထက်ထိကတော့ သံသယစောင့်ကြည့်လူနာ ၈ ယောက်ရှိပါတယ်။ ၈ ယောက်မှာ ၁ ယောက်ကတော့ ဆေးရုံကဆင်းသွားပြီဖြစ်တဲ့အတွက် ၇ ယောက်ကျန်ပါတယ်။” ဇန်နဝါရီ ၃၁ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ ဝေဘာဂီဆေးရုံကိုပို့ဆောင် စောင့်ကြည့်စစ်ဆေးခဲ့တဲ့ တရုတ်နိုင်ငံသားရဲ့ ဓာတ်ခွဲခန်းအဖြေအရ ဗိုင်းရပ်စ်မရှိတဲ့အတွက် ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ လှိုင်သာယာမြို့နယ်အတွင်း တရုတ်နိုင်ငံသား ဖျားနာလူနာ တစ်ယောက်တွေ့ရှိတာကြောင့် ဝေဘာဂီဆေးရုံကို တင်ပို့ထားတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“လှိုင် သာယာက အသက် ၃၂ နှစ်အရွယ်ရှိတဲ့ တရုတ်နိုင်ငံသားပေါ့နော်။ သူက ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူရခက်ခဲတာတွေ ရှိတယ်။ နောက် သူက ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်ပြည်က ပြန်လာတယ်။ အဲဒါကြောင့် ဒါတွေက သံသယလူနာနဲ့ ကိုက်ညီတဲ့အတွက်ကြောင့်မို့ သူ့ကိုသေချာ ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီးတော့ ကုသမှုပေးပါတယ်။ လက်ရှိမှာဆို ဝေဘာဂီဆေးရုံမှာ ပို့ဆောင်ပြီး ကုသတဲ့လူနာအနေနဲ့ နှစ်ယောက်ရှိပါတယ်။ ဒီလှိုင်သာယာက တရုတ်အမျိုးသားရယ်၊ နောက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်ရယ်။ သူတို့နှစ်ယောက်ကိုတော့ ဝေဘာဂီဆေးရုံမှာ ကုသမှုပေးနေပါတယ်။” ရန်ကုန်မြို့ ဝေဘာဂီဆေးရုံမှာ သံသယ‌စောင့်ကြည့်လူနာ ၂ ဦး၊ နေပြည်တော်၊မင်းပြား၊ ကျိုင်းတုံ ၊ လှိုင်ကော် နဲ့ နမ္မတူမြို့ တွေမှာ သံသယလူနာ ၁ ဦးစီ တွေ့ရှိထားတာကြောင့် အထူးစောင့်ကြည့် စစ်ဆေးနေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရည်ညွှန်းဓာတ်ခွဲခန်းတွေဆီပေးပို့စစ်ဆေးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

VOA Burmese News