ရထားကို ခဲနဲ႔ထုလို႔ လူထိခိုက္ ဒဏ္ရာရ

ရန္ကုန္ က ျပည္ကို ရထားနဲ႔ျပန္ခဲ့တယ္။ ကိုယ္ေတြက တြဲ ၅ မွာ။

ဝါးနက္ေခ်ာင္းဘူတာအလြန္…ဖူးႀကီးဘူတာေရာက္ခါနီး ၁၀ မိနစ္ ေက်ာ္ခန္႔အလို(၅)မိုင္ေလာက္မွာ ရထားကို ခဲနဲ႔ထုလို့ ကိုယ့္ေရွ႕က ကေလးမေလး မ်က္ခုံးကြဲသြားတယ္။ ၅ မိနစ္ေလာက္ေနၿပီးမွ သိရ ေတာ့ အခ်ိန္က ေနာက္က်လို႔ရထားက ေတာ္ေတာ္လြန္သြားၿပီ။

တြဲေစာင့္ကိုေခၚ မီးရထားရဲကို အေၾကာင္း ၾကားၿပီး ခ်က္ျခင္း ေဆာင္ရြက္ခိုင္းရတယ္။ သူတို႔လဲ အေရးတယူ လုပ္ေပးၾကပါတယ္။

တြဲ ၁ မွာလည္း အေပါက္ခံရတယ္လို႔သိရပါတယ္။ လက္ပံတန္းမွာဆရာဝန္တက္လာၿပီး စိတ္ခ်ရလို့ ခရီးဆက္ခဲ့ၾကပါတယ္။

ေျပာခ်င္တာက ဘာလို့ အဲ့ဒီလိုလုပ္ၾကတာလဲ။ ဘာအက်ိဳးအျမတ္ ရၾကလို႔လဲ။ မေတာ္လို႔မ်က္လုံးထိရင္ ကိုယ္အဂ္ါ ခ်ိဳ႕တဲ့သြားမယ္။

ဘဝတစ္ေလၽွာက္လုံး လူျဖစ္ရႈံးရလိမ့္မယ္။စဥ္းစားၾကေစခ်င္တယ္။

ဖမ္းမိလို႔၂၀၁၆ ခုႏွစ္ ရထားဥပေဒအရဆိုရင္ ေထာင္ ႏွစ္(၂၀) ထိ က်ခံထိမွာ မေၾကာက္ၾကဘူး။

ဥပေဒေတြရွိတယ္။တင္းတင္းရင္းရင္း မလုပ္ၾကေတာ့ မတရားမႈ႕ေတြ မေပ်ာက္နိုင္ဘူး။ ျပည္သူေတြ ဘဝ မလုံျခဳံဘူး ျဖစ္ေတာ့မယ္။

ေက်ာ္ေဆြ..ျပည္

Unicode

ရထားကို ခဲနဲ့ထုလို့ လူထိခိုက် ဒဏ်ရာရ

ရန်ကုန် က ပြည်ကို ရထားနဲ့ပြန်ခဲ့တယ်။ ကိုယ်တွေက တွဲ ၅ မှာ။

ဝါးနက်ချောင်းဘူတာအလွန်…ဖူးကြီးဘူတာရောက်ခါနီး ၁၀ မိနစ် ကျော်ခန့်အလို(၅)မိုင်လောက်မှာ ရထားကို ခဲနဲ့ထုလို့ ကိုယ့်ရှေ့က ကလေးမလေး မျက်ခုံးကွဲသွားတယ်။ ၅ မိနစ်လောက်နေပြီးမှ သိရ တော့ အချိန်က နောက်ကျလို့ရထားက တော်တော်လွန်သွားပြီ။

တွဲစောင့်ကိုခေါ် မီးရထားရဲကို အကြောင်း ကြားပြီး ချက်ခြင်း ဆောင်ရွက်ခိုင်းရတယ်။ သူတို့လဲ အရေးတယူ လုပ်ပေးကြပါတယ်။

တွဲ ၁ မှာလည်း အပေါက်ခံရတယ်လို့သိရပါတယ်။ လက်ပံတန်းမှာဆရာဝန်တက်လာပြီး စိတ်ချရလို့ ခရီးဆက်ခဲ့ကြပါတယ်။

ပြောချင်တာက ဘာလို့ အဲ့ဒီလိုလုပ်ကြတာလဲ။ ဘာအကျိုးအမြတ် ရကြလို့လဲ။ မတော်လို့မျက်လုံးထိရင် ကိုယ်အဂ်ါ ချို့တဲ့သွားမယ်။

ဘဝတစ်လျှောက်လုံး လူဖြစ်ရှုံးရလိမ့်မယ်။စဉ်းစားကြစေချင်တယ်။

ဖမ်းမိလို့၂၀၁၆ ခုနှစ် ရထားဥပဒေအရဆိုရင် ထောင် နှစ်(၂၀) ထိ ကျခံထိမှာ မကြောက်ကြဘူး။

ဥပဒေတွေရှိတယ်။တင်းတင်းရင်းရင်း မလုပ်ကြတော့ မတရားမှု့တွေ မပျောက်နိုင်ဘူး။ ပြည်သူတွေ ဘဝ မလုံခြုံဘူး ဖြစ်တော့မယ်။

ကျော်ဆွေ..ပြည်