ဆုေ တာင်းပြည့်လွန်းလို့ ‘မင်းညီ မင်းသားတွေ မဖူးရ’ အမိန့်တော် ထုတ်ပြန် ထားခဲ့ရတဲ့ ဆုတောင်းပြည့်ရုပ်ပွားတော်မြတ် စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။

အနော် ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်…၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ တစ်ကြိမ် မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ် ဆိုတဲ့ ရုပ်ပွားတော်မြတ်ရှေ့ကို တနေ့ကရောက်ခဲ့တယ်ဘုရားကိုဖူးတွေ့လိုက်တာနဲ့ .. ‘ အို … သပ္ပါယ်လိုက်တာ ‘ လို့ ပါးစပ်က ရောင်ရမ်းပီး ထွက်သွားမိတဲ့ အထိပါပဲတကယ့်ကို ရင်ထဲမှာ အေးချမ်းသွားအောင် သပ္ပါယ်လိုက်တာ … ။

စပါယ်နဲ့ ဇွန်းပန်းတွေကို ရင်ဘတ်တော်မှာ ပူဇော်ထားတာကလည်းမွေးကြိုင်နေတာပါပဲ ။ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာတစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်..။

ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကို တပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တိုက်ဖို့ လွှတ်လိုက်ပါတယ် …။

ထုံးစံအတိုင်း ‘ ငဆောင်ချမ်း ‘အရပ်ပေါ့ ။အဲဒီကာလတုန်းက နေပြည်တော်ရဲ့စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲ ရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ ဗန်းမော်မြို့အနီးမှာ ရှိတဲ့ ရှေ့တန်းစခန်း ငဆောင်ချမ်းဖြစ်ခဲ့ရပါတယ် ။

ညီတော် နရပတိစည်သူ စစ်ထွက်သွားတဲ့ အချိန်မှာ ဘုရင် မင်းယဉ်နရသိင်္ခဟာ ညီတော်ရဲ့ မိဘုရားဝေဠုဝတီကို သိမ်းပိုက်ခဲ့ပါတယ် ..။ဝေဠုဝတီဆိုတာ .. ဝါးထဲကရတဲ့သံသေဒဇ မိန်းကလေးဖြစ်တာမို့ လှပချောမောလွန်းတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်နေပြည်တော်မှာ အကြောင်းထူးရင် လိုက်ခဲ့ဖို့ မှာထားခဲ့တဲ့ အိမ်ရှေ့စံရဲ့တပည့် မြင်းတော်ခံငပြည့်ဟာ ချက်ချင်းလိုက်လာခဲ့ပေမယ့် ဗန်းမော်မြို့အနီးက ငါးပတ်ချောင်းကို ရောက်တဲ့အချိန် ပင်ပန်းလွန်းလို့စခန်းချပြီးအိပ်စက်ခဲ့မိပါတယ် ။

ငပတ်ချောင်းရဲ့ တဖက်ကမ်းမှာ သူ့ရဲ့ သခင်စစ်တပ်ကြီး စခန်းချနေခဲ့တာကို မသိခဲ့ရှာဘူးပေါ့ … ။ ဒါဟာ ကြမ္မာငင်တယ်လို့ ပြောရမယ် ထင်ပါရဲ့ … ။

ငပြည့်စီးတဲ့ မြင်းဟာ အိမ်ရှေ့စံနရပတိစည်သူရဲ့ မြင်းဖြစ်တာမို့ ချောင်းတစ်ဖက်ကမ်းက သူ့သခင်ရဲ့ အနံ့ရတဲ့ မြင်းတော်ကတော့တစ်ညလုံး ဟီနေတော့တာပေါ့ အိမ်ရှေ့မင်း နရပတိစည်သူဟာ သူ့မြင်းဟီသံကြောင့် အကြောင်းထူးပြီဆိုတာ သိပြီး တစ်ညလုံး အိပ်လို့ မပျော်နိုင်ခဲ့ပါဘူး …။

ဘယ်အချိန်ရောက်လာနိုး မျှော်ကိုးခဲ့ပေမယ့်မြင်းတော်ခံ ငပြည့်ကတော့ မနက်မိုးလင်းမှ ရောက်လာခဲ့ပြီး မိဖုရားကို ဘုရင်သိမ်းပိုက်သွားပြီ ဖြစ်ကြောင်း လျှောက်တင်ပါတော့တယ် ။နရပတိစည်သူရဲ့ ဒေါသဟာငယ်ထိပ်အထိ တတ်သွားခဲ့ပါတယ် ငါတို့ မင်းဟူသည် .. တစ်ညတာအချိန်ဆိုတာ အကြံအားလုံး ပြီးမြောက်နိုင်ကြောင်း .. ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ချက်ချင်းလာရောက်ပြီး မလျှောက်တင်ရကောင်းလား ‘ လို့ အမျက်တော်ရှပြီး မြင်းတော်ခံငပြည့်ကို ကွပ်မျက်လိုက်ပါတယ် ။ နောက်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုံဆင်းခဲ့ပါတယ် ဧရာဝတီမြစ်ကမ်းနဘေးမှာတည်ရှိတဲ့ ဒီဘုရားစေတီကို ရောက်လာတဲ့အခါ ခဏနားလို့ ဘုရားစောင်းတန်းအတိုင်းတတ်လာပြီးဆုတောင်းပြည့်ဘုရားဆင်းတုတော်မြတ်ကို ဖူးမျှော်ကြည်ညိုပါတယ်။ပါလာတဲ့ ပုဝါဖြူကို ကပ်လှူပူဇော်ပြီး သစ္စာအဓိဌာန် ပြုပါတော့တယ် တပည့်တော်သည် သစ္စာမတည် သည့် နောင်တော်ဘုရင်မင်းမြတ်ကို အပြီးတိုင် လုပ်ကြံ၍ အောင်မြင်ခဲ့ မည် ဆိုပါလျှင် ဤပုဝါစကို ဘုရားရှင်မှ ကိုယ်တော်လျ၍ ခံယူတော်မူ ပါစေသတည်းအိမ်ရှေ့စံရဲ့ ပုဝါဖြူစဟာ လေမှာဝဲပျံပြီး ဘုရားရှင်ထံ လွင့် မျောသွားခဲ့ပြီး ထူးခြားစွာ ဘုရား ရှင်ရဲ့ လက်တော်ပေါ်ကို ရောက်ရှိ ခံယူတော်မူခဲ့ပါတယ် ။နရပတိစည်သူဟာ သစ္စာဓိဌာန်ပြုခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ဝမ်းသာအားရစွာနဲ့ ချီတတ်လာခဲ့ပါတယ်သူ့ရဲ့ ငယ်ကျွန်တစ်ဦးဖြစ်တဲ့အောင်စွာငယ်ကို တိတ်တဆိတ်လွှတ်လို့ လုပ်ကြံစေရာမှာ အောင်မြင်ခဲ့ပြီး ဘုရင်မင်းယဉ်နရသိင်္ခ ကျဆုံးလို့ နရပတိစည်သူ မင်းဖြစ်လာခဲ့ပါတယ် သစ္စာအဓိဌာန်အောင်မြင်ပြီး ဆုတောင်းပြည့်လွန်းတဲ့ ဆုတောင်းပြည့်မြတ်စွာဘုရားဆင်းတုတော်ကြောင့် ဘုရင်နရပတိစည်သူဟာတက် မအေးနိုင်ခဲ့ပါဘူးတဲ့ဘာကြောင့်လည်းဆိုရင် နန်းတွင်းက မင်းညီမင်းသားတွေဟာလည်းသူလိုဆုတောင်းပြီး နန်းလုမှာကိုပူပန်သောက ဖြစ်ခဲ့ရတယ်လို့ ဖတ်ခဲ့ရဖူးပါတယ်ဒါကြောင့် အမတ်ကြီးတွေနဲ့ တိုင်ပင်တဲ့အခါမှာ အရင်ဘိုးဘေးတွေဖြစ်တဲ့ အနော်ရထာမင်းကြီးလက်ထက်မှာလည်း အခုလိုဆုတောင်းပြည့်လွန်းတာကြောင့်မင်းညီမင်းသားတွေ ဖူးမျှော်ခွင့်ပိတ်ပြီး အစောင့်ချထားဖူးပါကြောင်း …

ပုဂံမင်းလက်ထက်မှာလည်း ပြုပြင်မွမ်းမံခဲ့ပြီး မြန်မာမင်းအဆက်ဆက်တို့လက်ထက်မှာလည်း မင်းညီမင်းသားအားလုံး ဆုမတောင်းရ၊မဖူးမျှော်ရလို့ တင်းကြပ်စွာ တားမြစ်ထားခဲ့ရတဲ့အထိ ဆုတောင်းပြည့်လွန်းလှတဲ့ ဆုတောင်းပြည့်ဘုရားအစစ်တစ်ဆူ ဖြစ်ကြောင်း လျှောက်တင်ကြပါတယ်ဒါကြောင့် နရပတိစည်သူလက်ထက်မှာလည်း ဒီဆုတောင်းပြည့်ရုပ်ပွားတော်မြတ်ကြီးကို မင်းညီမင်းသားများ မဖူးမျှော်ရဆိုတဲ့ အမိန့်တစ်ရပ် ချမှတ်လို့ စောင့်ရှောက်ခဲ့ရတယ်လို့ မှတ်သားခဲ့ရပါတယ် ။ရွှေတိဂုံဘုရား အထက်ပစ္စယံမှာရှိတဲ့ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်လို တန်ခိုးကြီးဆင်းတုတော်တွေဖြစ်မယ်ထင်ပါတယ် …။

ကျွန်တော်ငယ်ငယ်က အမေနဲ့မန္တလေးကို ဈေးဝယ်လိုက်တိုင်း …ရန်ကုန်မှာ ကျောင်းတတ်ရင်း ..ကျောင်းပိတ်လို့ အိမ်ပြန်ချိန် …ဧရာမြစ်ပြင်ကို ကားနဲ့ ဖြတ်တိုင်း..စစ်ကိုင်းတံတားကြီးပေါ်ကလှမ်းမြင်ရတဲ့ဒီဘုရားစေတီကို အဝေးကနေပြီးဖူးမျှော်ကြည်ညိုခဲ့ မိပါတယ် .ဒါပေမယ့် … ဒီဘုရားစေတီအတွင်းမှာ ဒီလိုတန်ခိုးကြီးတဲ့ ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပါယ်တော်မူနေမှန်း မသိခဲ့ရိုးအမှန်ပါ တနေ့ကမှ အကြောင်းတိုက်ဆိုင်လို့ဖူးခဲ့ရတာ ဖြစ်ပါတယ် ။ငယ်ငယ်တုန်းက ဒီဘုရားကိုစိတ်ဝင်စားခဲ့တာကအကြောင်းအရာတစ်ခုနဲ့ပါ ။ အဲတာကတော့ဘုရင်နရပတိစည်သူရယ်၊မွန်သူရဲကောင်း ရမန်ငထွေးရယ် ၊နရပတိစည်သူနဲ့ အတိတ်က ရန်ကြွေးရှိခဲ့တဲ့မိချောင်းကြီးရယ် သုံးပွင့်ဆိုင်ဇတ်လမ်းလေးကို သတိယမိလို့ ဖြစ်ပါတယ်ဒါဆိုရင် … သမိုင်းစိတ်ဝင်စားသူတွေအနေနဲ့ မင်းဝံတောင်တစ်ဖက်ကမ်းမှာရှိတဲ့ ဧရာမြစ်ဘေးက ဘယ်ဘုရားစေတီလည်းဆိုတာ သိကြမယ် ထင်ပါတယ် စစ်ကိုင်းတောင် တစ်ဖက်ကမ်းကရွှေကြက်ယက် ရွှေကြက်ကျဘုရားတွေဖြစ်ပြီး ဒီဆုတောင်းပြည့်ကိုယ်တော်မြတ်ကြီးကတော့ ရွှေကြက်ယက်စေတီအတွင်းမှာ ရှိပါတယ် ။

Credit – 12.3.2019 King ……(Anawyahtar King)