ဒီကေ န့မှာ မင်္ဂလာအရှိဆုံးသတင်းတစ်ပုဒ်ကတော့ ကိုရိုနာဗိုင်းရပ်စ် သို့မဟုတ် ဝူဟန်းဗိုင်းရပ်စ်ကို အောင်မြင်စွာ ကုသနိုင်ခဲ့ပြီလို့ သိရပါတယ်။ (၇၀)နှစ်အရွယ် ကူးစက်လူနာအဖွားအိုတစ်ယောက်ကို ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ဆေးတစ်ခု စမ်းသပ်ခဲ့ရာ (၄၈)နာရီအတွင်းမှာ ဆေးရုံက ဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ထိုင်းဒေါက်တာတွေဟာ မကြာသေးမီက သူတို့မှာ ကုထုံးအသစ်တွေ့ရှိထားပြီးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ပြင်းထန်ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတိုင်းအတွက် သင့်တော်မယ့် ကုထုံးလို့သိရပါတယ်။ CNA ရဲ့အဆိုအရ ဒေါက်တာတွေက တုပ်ကွေးပျောက်ဆေးနဲ့ HIV ပဋိဇီဝဆေးကို ပေါင်းစပ်ကုသတာပါတဲ့။

ဒီ နည်းနဲ့ ကူးစက်လူနာကို ကုသတဲ့အခါမှာတော့ ဗိုင်းရပ်စ်ကို နာရီပိုင်းအတွင်း တိုက်ခိုက်နိုင်ခဲ့ပြီး၊ (၄၈)နာရီအတွင်းမှာ ဗိုင်းရပ်စ် Negative ဖြစ်သွားခဲ့တာပါ။ ဒီနည်းနဲ့ အသက်(၇၀)အရွယ် ဝူဟန်ကပြန်လာတဲ့ အဖွားအိုကို ဘန်ကောက်မြို့ Rajavithi Hospital ဆေးရုံကနေ အောင်မြင်စွာ ကုသနိုင်ခဲ့တာပါ။ ဒါကြောင့် တစ်ခြား ကူးစက်ခံလူနာတွေကိုလည်း ဒီနည်းအတိုင်း ကုထုံးပြောင်းလဲပြီး အခြေအနေ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ကူးစက်ခံ အသက်(၇၀)အရွယ်အဖွားအိုကတော့ ဒီရောဂါခံစားရတာ (၁၀)ရက် ရှိပါပြီတဲ့။ သူမကို HIV တိုက်ဖျက်ရေးဆေးဝါးတွေနဲ့ ရောစပ်ကုသကြည့်ခဲ့တာပါ။ HIV တိုက်ဖျက်ရေးဆေးဝါးတွေကတော့ Lopinavir နဲ့ Ritonavir တို့ဖြစ်ပြီး၊ ၎င်းတို့ကို တုပ်ကွေးပျောက်ဆေး Oseltamivir နဲ့ ပေါင်းစပ်ကုသခြင်းလို့ သိရပါတယ်။ အဖွားအိုဟာ (၄၈)နာရီအတွင်းမှာ ရောဂါလက္ခဏာလုံးဝမတွေ့ရတော့တာဖြစ်ပါတယ်။

ဒေါက် တာ Kriangska Atipornwanich က ဒီအောင်မြင်မှုနဲ့ပတ်သက်ပြီး ” ဒါက ကုထုံးတော့ မဟုတ်ပါဘူး … ဒါပေမယ့် လူနာမှာ မယုံနိုင်လောက်အောင် တိုးတက်ကောင်းမွန်သွားတယ် … ကျွန်တော်တို့ လက်အောက်မှာ သူမ (၁၀)ရက်လောက်ထိ အခြေအနေက မတိုးတက်ဘူး … ဒီဆေးတွေ ပေါင်းစပ်ကုသလိုက်တော့ (၄၈)နာရီအတွင်း Negative ဖြစ်သွားတယ် “လို့ ပြောခဲ့ပါတယ်။ သူက ဆက်ပြီး ” ထွက်ပေါ်လာတဲ့ ရလဒ်ကတော့ ကျေနပ်စရာပါဘဲ … ဒါပေမယ့် ကျွန်တော်တို့ ဒါဟာ စံသတ်မှတ်ထားတဲ့ကုထုံး ဖြစ်နိုင်မဖြစ်နိုင်ကိုဆုံးဖြတ်ဖို့ ပိုပြီးတော့ လေ့လာနေပါတယ် … “လို့ ပြောပါတယ်။ ဒီကုထုံးဟာ လူတိုင်းနဲ့ သင့်တော်မယ်လို့တော့ မဆိုလိုကြောင်း- အကြောင်းကတော့ လူနာနှစ်ဦးကို စမ်းသပ်ကုသရာမှာ တစ်ဦးက ကောင်းမွန်တိုးတက်တဲ့လက္ခဏာတွေ ပြလာခဲ့ပေမယ့် အခြားတစ်ဦးကတော့ ဆေးနဲ့မတည့်တဲ့ ဓာတ်မတည့်မှုကို တုန့်ပြန်ခဲ့လို့ အဲဒီလူကိုတော့ ကုထုံးနားထားရတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာမီ ရက်အတွင်းမှာ ဝူဟန်ဗိုင်းရပ်အတွက် သင့်တော်တဲ့ဆေးဝါး ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

လင်းဇော်ကို (D Nae Khit)