


source: Cele Gabar

Unicode

Myanmar Idol Season 4 ပြိုင်ပွဲကြီး ကတော့ ဝေဖန်မှုတွေ အားပေးမှုတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ပြီးသွားခဲ့ပြီဖြစ်ပါတယ်။ အက်စတာတစ်ယောက် Winner ဖြစ်ခဲ့တဲ့ အဆိုပါပြိုင်ပွဲကြီးကတော့ တကယ့်ကို Grand Final အထိ ဘယ်သူချန်ပီယံဖြစ်မလဲ ခန့်မှန်းမရဘဲ ယှဉ်ပြိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ချင်းတိုင်းရင်းသူလေး ဖြစ်တဲ့ အက်စတာ ဒေါ့ချင်းဆုန်က ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဒီ့အတွက် Myanmar Idol ကချီးမြှင့်တဲ့ ဆုကြေးငွေတွေ၊ တိုက်ခန်းတွေနဲ့ အတူ အက်စတာတစ်ယောက် အောင်မြင်မှုရဲ့ အသီးအပွင့်ကို ခံစားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အက်စတာလေးဟာ အောင်မြင်မှုတွေကို ထွေးပိုက်ပြီး အနုပညာလုပ်ငန်းတွေကို တလက်ဆက် လုပ်ကိုင်လျက်ရှိပါတယ်။ အက်စတာဟာ နူးညံ့တဲ့ နှလုံးသားရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုချိန်မှာ ဝူဟန်ဗိုင်းရပ်စ် အန္တရာယ်ကြောင့် တစ်ကမ္ဘာလုံးက တုန်လှုပ်လျက်ရှိပါတယ်။ ဒီလိုကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ်ဟာ ကမ္ဘာအနှံ့ပျံ့နှံ့နိုင်ဖွယ်ရှိပါတယ်။ ဒ့ါကြောင့် ကြိုတင်ကာကွယ်နေရပါတယ်။ ယခုလိုကာကွယ်နေချိန်မှာ အက်စတာလေးဟာ ရန်ကုန်မြို့မှာ ရှိတဲ့ သူမချစ်တဲ့ ပရိတ်သတ်ကြီးအတွက် Mask တွေ လိုက်လံဝေငှခဲ့ပါတယ်။

ပရိတ်သတ်ကြီးရေ အက်စတာလေးကို ချစ်တဲ့ ပရိတ်သတ်ကြီးအတွက် အက်စတာလေးရဲ့ ပုံရိပ်တွေကို မျှဝေလိုက်ပါတယ်နော်။ အက်စတာလည်း ဒီ့ထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်………။

Writer – ME( Shwe Yaung Lan )
source: Cele Gabar