တ ရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူအချင်းချင်းကူးစက်နိုင်ပြီး ကူးစက်မှု မြင့်မားနေတာကြောင့် စိုးရိမ်လျက်ရှိကြပါတယ်။ အဆိုပါ ဗိုင်းရပ်စ်ဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများလိုပဲ လေထဲမှ တစ်ဆင့် ကူးစက်တဲ့အပြင် ကူးစက်ခံရသူတွေဟာ ချောင်းဆိုးခြင်း၊ နှာချေခြင်း များမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံရသူဟာ ကိုယ်ခံအားကောင်းမွန်နေသော်လည်း အခြားသူများကိုပါ ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ရောဂါပိုးကူးစက်ခံရပြီဆိုလျှင် ၁၄ ရက်အတွင်း ရောဂါ အစပျိုးဖြစ်ပွားတတ်ပါတယ်။ အဆိုပါ ဗိုင်းရပ်စနဲ့ပတ်သတ်ပြီး စတင်ဦးဆုံး တွေ့ရှိခဲ့တဲ့ ဆရာဝန်တစ်ယောက် တရုတ်နိုင်ငံက အာဏာပိုင်တွေဟာ ဖမ်းဆီးထိမ်းသိမ်းထားတယ်ဆိုတဲ့ သတင်းတစ်ခုပျံ့နှံ့ခဲ့ပါတယ်။

အ ဆိုပါ ဆရာဝန်ဟာ ဒေါက်တာ လီဝမ်လျန်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အဆိုပါ ဆရာဝန်နဲ့ ဆေးတက္ကသိုလ်တက်တဲ့ သူငယ်ချင်းစုပြီး ပြုလုပ်ထားတဲ့ သီးသန့် လူမှုကွန်ယက် ဂရုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စနဲ့ပတ်သတ်ပြီး စတင်တွေ့ရှိခဲ့တဲ့ ဒေါက်တာလီကို အရေးပေါ်ဌာနက ထိန်းသိမ်းထားကြောင်းရေးသားထားခဲ့ကြပါတယ်။ ယခုကဲ့သို့ အန္တရာယ်ကြီးလှတဲ့ ဗိုင်းရပ်စ်ကို ရှာဖွေ တွေ့ရှိခဲ့တဲ့ ဒေါက်တာလီဟာ ဂုဏ်ပြုခြင်း မခံခဲ့ရပဲ ထိန်းသိမ်းခံခဲ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အာဏယပိုင်တွေဟာ ဒေါက်တာလီကို ဆင့်ခေါ်ပြီး အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာတော့ တရုတ်နိုင်ငံက ရဲတွေ ဒေါက်တာလီကို ဂရုထဲမှာ ပြောဆိုခဲ့တဲ့ ဗိုင်းရပ်စ်ကိစ္စနဲ့ပတ်သတ်ပြီး တရားမဝင်တဲ့ အပြုအမှုဖြစ်ကြောင်းကို အတင်းအကြပ် ဝန်ခံကတိစာချုပ်ရေးထိုးစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ရဲတွေဟာ ဒေါက်တာလီကို မဟုတ်မမှန်သတင်းတွေ ဖြန့်နေတာလို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေဟာ ဆင်ဟွာသတင်းဌာနကနေ လူမှုကွန်ယက်တွေမှာ သတင်းအမှားတွေကို မယုံကြည်ကြဖို့ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယခုလို ဒေါက်တာလီကို အပြစ်တင်စောတဲ့ ရဲတွေကို တရုတ်နိုင်ငံရဲ့ ပြည်သူ့တရားရုံကနေ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယင်းကိစ္စပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့တွေဟာ သတင်းပေးခဲ့သူတွေဟာ ဉာဏ်ကြီးရှင်တွေဖြစ်ကြောင်း၊ အဆိုပါ ဒေါက်လီတို့အား အရေးယူမှု မလုပ်ခဲ့ကြောင်း တရုတ်လူမှုကွန်ယက် ဝီဘိုပေါ်မှ တဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါက်တာလီနဲ့ သူရဲ့ မိဘတွေဟာလည်း ဝူဟန်ဗိုင်းရပ်ကို ခံစားနေရပြီး ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ဒေါက်တာလီဟာ ဦးဆုံး ပါဝင် ကုသပေးရင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဒေါက်တာလီကိုယ်တိုင် ကူးစက်ခံခဲ့ရပါတယ်။ ဒေါက်တာလီဟာ မျက်စီအထူးကု ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါ သူရဲကောင်းကြီးဟာ ဝူဟန်ဗဟိုဆေးရုံကြီးပေါ်မှာ သူရှာဖွေ တွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်………….။

Writer – ME( Shwe Yaung Lan )