ပုံ တူပြန်ဆွဲတဲ့ Sketch ပုံလေးတွေကို ပရိသတ်ကြီးတို့သိကြမှာပါ….တကယ့်ကို ချစ်စရာကောင်းတဲ့ ပုံလေးတွေရတာမို့ တချို့က အမှတ်တရလေးတွေအနေနဲ့ Sketch ပုံလေးတွေဆွဲပြီး သိမ်းထားတတ်ကြပါတယ်…..

Sketch ရေးဆွဲသူတွေကလည်း မိမိတို့ပညာကို အသုံးပြုပြီး အခကြေးငွေနဲ့ ရေးဆွဲပေးနေကြတာကိုလည်း ပရိသတ်တို့ သွားလာရင်းတွေ့ဖူးကြမှာပါ….

ခု Sketch ဆွဲတဲ့ လူငယ်လေးတွေကတော့ ချီးကျူးလေးစားရမယ့် လူတွေဖြစ်ပါတယ်…

ဘာ လို့လဲဆိုတော့ သူတို့ဆွဲလို့ရတဲ့ အခကြေးငွေတွေအကုန်လုံးကို သက်ကြီးရွယ်အိုအဘိုးအဘွားတွေကို လှူဒါန်းတာကြောင့်ပါပဲ…..

တတ်တဲ့ပညာနဲ့ မရှိဆင်းရဲသားတွေအပေါ်မှာ ခုလို ကူညီနေတဲ့လူငယ်လေးတွေအဖွဲ့နဲ့ တွေ့ရင်လည်း ပရိသတ်ကြီးတို့လည်း အားပေးကြပါအုံးနော်…

သူတို့က ညနေ ၅ နာရီလောက်ထိ မြေနီကုန်း ဂုံးတံတားအောက်မှာ ပုံတူ(Sketch)လေးတွေနဲ့ ကရီကေချားပုံလေးတွေ ဆွဲပေးနေပါတယ်……

တတ်နိုင်သမျှလည်း ဒီစာလေးကို Share လုပ်ပေးကြပါနော်..

Writer – HW (Shwe Yaung Lan)
Source : Zay Yar Tun