တ ရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ပြန့်နှံ့မှုနှုန်းမြန်ဆန်တာကြောင့် တရုတ်အစိုးရဟာ အဆိုပါ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့နဲ့ ဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ဆေးအတွက် အားထုတ်မှုတွေ ပြုလုပ်နေတာပါ…ဒါပေမဲ့ ယနေ့တိုင် ဆေးမတွေ့သေးသလို သေဆုံးသူဦးရေကလည်း များလာတာကြောင့် ယခုအခါမှာတော့်ဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေး တုံ့ပြန်မှုတွေအတွက် အထောက်အပံ့ပစ္စည်းတွေ လိုအပ်နေပြီဖြစ်သလို အခက် အခဲတွေလည်း ရှိနေတယ်လို့ တရုတ်ခေါင်းဆောင်တွေက အတည်ပြုဝန်ခံခဲ့ပါတယ်…

တ ရုတ်အစိုးရအနေနဲ့ နှာခေါင်းစည်းတွေ၊ ကာကွယ်ရေးဝတ်စုံတွေ၊ ကာကွယ်ရေး မျက်မှန်တွေလိုမျိုး ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေ အရေးပေါ်လိုအပ်နေသလို တရုတ် စက်ရုံတွေကလည်း တစ်နေ့ကို နှာခေါင်းစည်း သန်း ၂၀ လောက်ပဲထုတ်လုပ်နိုင်တာကြောင့် လိုအပ်ချက်တွေအများကြီး ရှိနေတာဖြစ်ပါတယ်…

ဒါကြောင့် ဥေ ရာပ၊ ဂျပန်နဲ့ အမေရိကန်ကနေ နှာခေါင်းစည်းတွေ တင်သွင်းဖို့ ကြိုး စားနေရပါတယ်….နိုင်ငံအချို့ဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်၊ ကာဇက်စတန်နဲ့ ဟန်ဂေရီနိုင်ငံတွေကလည်း ဆေးဘက်ဆိုင်ရာ အထောက် အကူပစ္စည်းတွေ တရုတ်ကို လှူဒါန်းလျက်ရှိတာကိုလည်း တွေ့ရပါတယ်….

လူ ဦးရေများပြားသလို ရောဂါပြန့်နှံ့မှုနှုန်းကလည်း မြန်တာကြောင့် ရောဂါကူးစက်တဲ့ကာလ ကြာလာတာနဲ့အမျှ တရုတ်နိုင်ငံမှာလည်း ယခုလို လိုအပ်ချက်တွေ ရှိလာတာပဲဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)
Source : AFP