ဗိုလ် ချုပ်အောင်ဆန်းပုံပါ မြန်မာငွေကျပ် ၁၀၀၀ တန်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့မှာ ပြည်သူတွေလက်ထဲ ဖြန့်ချိခဲ့ပါတယ်….ဗိုလ်ချုပ်ပိုက်ဆံကို အားလုံးကမျှော်လင့်နေတာကြောင့် ငွေလာလဲသူတွေလည်း များပြားခဲ့တာ ပရိသတ်ကြီးတို့လည်း အသိပါ…ဒီလို တရားဝင်ထုတ်လုပ်ထားတဲ့ ဗိုလ်ချုပ်ပုံပါငွေစက္ကူဟာ ဈေးသွားဝယ်တဲ့အချိန် ငွေရှင်းတဲ့အခါ လက်မခံလို့ သုံးမရတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာ ပြန့်နှံ့နေပါတယ်…ဒီအကြောင်းကိုတော့ ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက ခုလို ပြောပြထားတာပါ…

((ကျွန်တော့်နာမည် လှိုင်ဝင်းထွန်းပါ မော်လမြိုင်ကျွန်းမြို့နယ် မြင်းကကုန်းကျေးရွာမှာနေပါတယ်…ယနေ့ညနေ ၅နာရီခန့်အချိန်တွင် ကျွန်တော်မိသားစုနှင့်အတူ အိမ်အတွက်လိုအပ်သောဆန်ဝယ်ရန် ငွေစံပါယ် ဆန်စက်သို့ ဆန်သွားဝယ်ခဲ့သည်…ဆန်အိတ်တန်ဖိုးမှာ ၃၂၀၀၀ ကျ၍ မိမိမှာပါလာသော ၅ထောင်တန် ၆ရွက် ၁၀၀၀ တန် ၁ရွက် မိမိအင်မတန်မြတ်နိုးသော ဗိုလ်ချုပ်ပုံပါ ၁၀၀၀တန် တစ်ရွက် စုစုပေါင်း ၃၂၀၀၀ ကျပ် ပေးခဲ့ရာ အရောင်းဝန်ထမ်း စာရေးမမှ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအား သုံးစွဲမရဟုဆို၍ပြန်ပေးခဲ့ပါသည်…

သို့ဖြစ်ပါ၍ နိုင်ငံတော်ဗဟိုဘဏ်ဥပဒေနှင့်အညီထုတ်လုပ်ထားသောငွေစက္ကူသည် တန်ဖိုးအာမခံမရှိဖြစ်နေပါသည်… ထို့အတွက် ဗိုလ်ချုပ်ပုံပါငွေစက္ကူသည် တရားဝင်သုံးစွဲခွင့်တန်ဖိုးရှိမရှိသိချင်ပါသည်… စက္ကူသက်သက်ထုတ်ထားခြင်းဖြစ်လျှင်လည်းသိမ်းထားပါတော့မည်…

သို့မဟုတ် သုံးစွဲခွင့်ရှိလျှင်လည်းသုံးမရပြောသူအား မည်သို့အရေးယူမည်ကိုသိချင်ပါသည်…

ကို လှိုင်ဝင်းထွန်း..၁၄/မမက နိုင် ၁၅၄၇၆၇..)) ဆိုပြီး သုံးမရခဲ့တဲ့အခြေအနေတစ်ခုကို ပြောပြခဲ့တာပါ…
နိုင်ငံတော်ကနေ တရားဝင်ထုတ်ဝေထားပြီး ဘာကြောင့် သုံးမရ ဖြစ်ရမလဲ ဆိုပြီး မှတ်ချက်ပြုပြောဆိုနေကြတာကိုလည်း အဆိုပါ ပို့စ် အောက်မှာ တွေ့ရှိရပါတယ်…

Writer – HW (Shwe Yaung Lan)
Source : R Gyi