ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေသဆုံးသူ ၃၆၁ ဦး ရွိၿပီး ႏိုင္ငံျပင္ပမွာ ပထမဆုံးအျဖစ္ ဖိလစ္ပိုင္မွာ လူတစ္ဦး ေသဆုံးလာခ်ိန္မွာ တ႐ုတ္ႏိုင္ငံမွာ ေရာဂါပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ေနာက္ထပ္ၿမိဳ႕ႀကီးတစ္ၿမိဳ႕ကို ခ်ိတ္ပိတ္ထားလိုက္ၿပီ ျဖစ္ပါတယ္။

ႏိုင္ ငံအစိုးရ ေတာ္ေတာ္မ်ားမ်ားက တ႐ုတ္က လာသူေတြကို နယ္စပ္ပိတ္ထားခ်ိန္ တ႐ုတ္ႏိုင္ငံအေနနဲ႔ ေရာဂါ မျပန႔္ပြားေရး စိုးရိမ္ပူပန္မႈကို အေျခခံၿပီး ခုလို လုပ္ေဆာင္လာတာပါ။ကို႐ိုနာဗိုင္းရပ္စ္ စတင္ရာ ဝူဟန္ၿမိဳ႕နဲ႔ ပတ္ဝန္းက်င္ၿမိဳ႕နယ္ေတြကို ေရာဂါေျခခ်ဳပ္အျဖစ္ ခ်ိတ္ပိတ္ထားတာေၾကာင့္ လူေပါင္း သန္း ၅၀ ေက်ာ္ အဝင္အထြက္ အပိတ္ခံထားရတာ ျဖစ္ပါတယ္။ဝူဟန္ကို ခုလို ပိတ္ၿပီး ဆယ္ရက္အၾကာမွာ အာဏာပိုင္ေတြဟာ အလားတူ ေရာဂါေျခခ်ဳပ္အျဖစ္ က်ဲ႕က်န္းျပည္နယ္က လူဦးေရး ကိုးသန္းေက်ာ္ ရွိရာ ဝန္က်ိဳ႕ဆိပ္ကမ္းၿမိဳ႕ကို ခ်ိတ္ပိတ္လိုက္တာ ျဖစ္ပါတယ္။အဲဒီ နယ္ေျမဟာ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း တ႐ုတ္စီးပြားေရး ဦးေမာ့လာဖို႔ အင္ဂ်င္ေမာင္းႏွင္ရာ စက္မႈအခ်က္အျခာအေရွ႕ပိုင္း အရပ္ေဒသပဲ ျဖစ္ပါတယ္။

ဝန္က်ိဳ႕ၿမိဳ႕ေနေတြအေနနဲ႔ အိမ္တစ္အိမ္လွ်င္ လူတစ္ဦးပဲ လိုအပ္ပစၥည္းေတြ ဝယ္ဖို႔အတြက္ ႏွစ္ရက္တစ္ခါသာ အျပင္ထြက္ခြင့္ရၿပီး ဘူတာ႐ုံ ၄၆ ခုကို ပိတ္ထားၿပီးျဖစ္ေၾကာင္း အာဏာပိုင္ေတြက ေၾကညာပါတယ္။ဒီၿမိဳ႕မွာနဂိုကတည္းက ႐ုပ္ရွင္႐ုံေတြ၊ ျပတိုက္ေတြ၊ အမ်ားျပည္သူသုံး ခရီးသြားဝန္ေဆာင္မႈေတြလို အမ်ားျပည္သူ ေနရာေတြကို ပိတ္ထားၿပီးလည္း ျဖစ္ပါတယ္။က်ဲ႕က်န္းျပည္နယ္ဟာ ကို႐ိုနာကူးစက္သူေပါင္း ၆၆၁ ဦး ရွိထားၿပီး ဟူေဘးျပည္နယ္ၿပီးရင္ ကူးစက္မႈ အျမင့္ဆုံးပဲ ျဖစ္ပါတယ္။

Rf Hindustan Times
Credit XYZ News

Unicode

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၃၆၁ ဦး ရှိပြီး နိုင်ငံပြင်ပမှာ ပထမဆုံးအဖြစ် ဖိလစ်ပိုင်မှာ လူတစ်ဦး သေဆုံးလာချိန်မှာ တရုတ်နိုင်ငံမှာ ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် နောက်ထပ်မြို့ကြီးတစ်မြို့ကို ချိတ်ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

နိုင် ငံအစိုးရ တော်တော်များများက တရုတ်က လာသူတွေကို နယ်စပ်ပိတ်ထားချိန် တရုတ်နိုင်ငံအနေနဲ့ ရောဂါ မပြန့်ပွားရေး စိုးရိမ်ပူပန်မှုကို အခြေခံပြီး ခုလို လုပ်ဆောင်လာတာပါ။ကိုရိုနာဗိုင်းရပ်စ် စတင်ရာ ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်မြို့နယ်တွေကို ရောဂါခြေချုပ်အဖြစ် ချိတ်ပိတ်ထားတာကြောင့် လူပေါင်း သန်း ၅၀ ကျော် အဝင်အထွက် အပိတ်ခံထားရတာ ဖြစ်ပါတယ်။ဝူဟန်ကို ခုလို ပိတ်ပြီး ဆယ်ရက်အကြာမှာ အာဏာပိုင်တွေဟာ အလားတူ ရောဂါခြေချုပ်အဖြစ် ကျဲ့ကျန်းပြည်နယ်က လူဦးရေး ကိုးသန်းကျော် ရှိရာ ဝန်ကျို့ဆိပ်ကမ်းမြို့ကို ချိတ်ပိတ်လိုက်တာ ဖြစ်ပါတယ်။အဲဒီ နယ်မြေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်စီးပွားရေး ဦးမော့လာဖို့ အင်ဂျင်မောင်းနှင်ရာ စက်မှုအချက်အခြာအရှေ့ပိုင်း အရပ်ဒေသပဲ ဖြစ်ပါတယ်။

ဝန်ကျို့မြို့နေတွေအနေနဲ့ အိမ်တစ်အိမ်လျှင် လူတစ်ဦးပဲ လိုအပ်ပစ္စည်းတွေ ဝယ်ဖို့အတွက် နှစ်ရက်တစ်ခါသာ အပြင်ထွက်ခွင့်ရပြီး ဘူတာရုံ ၄၆ ခုကို ပိတ်ထားပြီးဖြစ်ကြောင်း အာဏာပိုင်တွေက ကြေညာပါတယ်။ဒီမြို့မှာနဂိုကတည်းက ရုပ်ရှင်ရုံတွေ၊ ပြတိုက်တွေ၊ အများပြည်သူသုံး ခရီးသွားဝန်ဆောင်မှုတွေလို အများပြည်သူ နေရာတွေကို ပိတ်ထားပြီးလည်း ဖြစ်ပါတယ်။ကျဲ့ကျန်းပြည်နယ်ဟာ ကိုရိုနာကူးစက်သူပေါင်း ၆၆၁ ဦး ရှိထားပြီး ဟူဘေးပြည်နယ်ပြီးရင် ကူးစက်မှု အမြင့်ဆုံးပဲ ဖြစ်ပါတယ်။

Rf Hindustan Times
Credit XYZ News