ဝတ် မှုန်ရွှေရည်ကတော့ အသက်အရွယ်နဲ့မလိုက်အောင် နုဖတ်ပြီးအလှသွေးကြွယ်လွန်းတဲ့ မင်းသမီးလေးတစ်ယောက်ပါ။ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရပြီး မအားလပ်နိုင်အောင် အနုပညာအလုပ်တွေလုပ်နေရတဲ့ ထိပ်တန်းမင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။

အချ စ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ထုတ်ဖော်ပြောလေ့မရှိပေမဲ့ ရွှေမင်းသမီးလေးကို အပျိုကြီးပဲလုပ်စေချင်တဲ့ ပရိသတ်တွေကတော့ အများကြီးပါ။ရွှေကစ်လေးကတော့ (၂၀၂၀)ခုနှစ်အတွက် လုပ်ဆောင်မယ့်အရာတွေကို အစီအစဉ်ချလိုက်ပါတယ်။အဲ့ဒီအရာတွေကိုလည်း ပရိသတ်တွေကို ပြန်လည်ဝေမျှခဲ့ပြီး အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အစီအစဉ်လေးတစ်ခုလည်းပါဝင်နေပါတယ်။

သူ့ရဲ့ဖေ့ဘွတ်ခ်မှာ”ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းမယ်။ရိုးသားစွာနေမယ်။အလုပ်ကြိုးစားမယ်ေ။ကာင်းတာတွေလုပ်မယ်။အကောင်းမြင်စိတ်လေးမွေးမယ်။ကူညီထိုက်သူကို ကူညီမယ်။ချစ်တဲ့သူတွေကို ပိုချစ်မယ်။ကိုယ့်တန်ဖိုးသိတဲ့သူတွေနဲ့ နေမယ်။ဆန္ဒတွေကို အကောင်ထဲဖော်မယ်။အာရုံနောက်တဲ့ သူတွေနဲ့ဝေးဝေးနေမယ်။အတုအယောင်တွေကို ရှောင်မယ်။အနှောင့် တွေကိုလျစ်လျူ ရှုမယ်။အတိတ်တွေကို မေ့ပစ်မယ်။အရှုပ်ထဲ ရှင်းအောင်နေမယ်။ယောကျာ်းယူမယ် (အမွှေပေါ့) အမလေး လုပ်ရမှာ အများကြီး ဆိုပြီး ရေးထားတာပါ။ရွှေကစ်လေးကတော့ ယောကျာ်းယူမယ်ဆိုတာ စနောက်တဲ့သဘောလား တကယ်ပဲစိတ်ကူးရှိနေတာများလားနော်

Source : WuttHmoneShweYi
Credit CeleGabar