မန် မာနိုင်ငံ ရဲ့ နိုင်ငံကျော် အဆိုတော် တစ်ဦးဖြစ်တဲ့ တေးသံရှင် စိုးစန္ဒာထွန်းတစ်ယောက်ကတော့ သူမရဲ့ချိုလွင်လွင် စူးရှရှ အသံပါဝါနဲ့ မြန်မာသံစဉ်တွေဟာ အင်မတန်မှကို လှပကျက်သရေဖြာခဲ့တာကြောင့် ပြည်သူတွေ နှလုံးသားထဲမှာ ယနေ့တိုင်စွဲထင်နေတဲ့ တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာဆိုရင် ချစ်သော မဏိစန္ဒာ သီချင်းဟာလည်း ပရိသတ်တွေ နှုတ်ခမ်းဖျားမှာ စွဲသွားစေခဲ့တဲ့ သီချင်းပဲဖြစ်ပါတယ်။

အ ခုနောက်ပိုင်း သူမဟာဆိုရင် အနုပညာနယ်ပယ်ကနေ ၂ နှစ်ခန့်ပျောက်နေခဲ့ပြီးတော့ဒီလိုပျောက်နေတာကလည်း သာသနာပြုလုပ်ငန်းတွေကို လုပ်ကိုင်နေတာကြောင့် အချိန် မပေးနိုင်ဖြစ်ခဲ့ရတာလို့ သိရပါတယ်။ အခုလည်း နဂါးရုံဘုရားတစ်ဆူကို မိုးပြည့်ပြည့်မောင် ၊ မထက်ထက်မိုးဦး တို့နဲ့ အတူတကွ တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

(မထက်ထက်မိုးဦး တို့ဆိုရင် တွေ့ပါတယ်။ ဘဝဟောင်းက ညီမအရင်းတွေပေါ့နော်။မထက် ကိုယ်တိုင်လည်းသိပါတယ်။ တွေ့တွေ့ချင်း ညီအစ်မတွေ ဖက်ငိုကြတယ်)လို့ ဆိုပါတယ်။သူမဟာ အနုပညာလောကထဲက ထွက်ခွာတာမဟုတ်ပဲ အချိန်ရရင် ပြန်လည်ပြီးတော့တေးသီချင်းတွေ သီဆိုသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း အမတော်စောမွန်လှရဲ့ ဘဝဇာတ်ကြောင်း သီချင်းလေးကို အခက်အခဲတွေကြားကပဲ ဆောင်ရွက်ခဲ့ရတဲ့အကြောင်းလေးတွေကိုလည်း ပြောပြလာခဲ့ပါတယ်။

Credit Video- Cele Gabar
Credit Shwe Yaung Lan