ဓနုဖြူမြို့နယ်တွင် ဓားပြတိုက်မှု ဖြစ်ပွား
ဓားပြတိုက်မှု ဖြစ်ပွားသတင်း
ဓနုဖြူမြို့နယ် ယင်းကတစ်ကျေးရွာ ကျုံတနီးပန်းတနော်ကားလမ်းဘေးရှိ ငါးကန်နှင့်တွဲလျှက်ရှိသော မွေးမြူရေးကြက်ခြံလုပ်ငန်းပိုင်ရှင် ဦးကျော်သူ နေထိုင်သောအဆောင်တွင် ဓားပြတိုက်ငွေလုယူပြီးလူကိုပါရိုက်နှက်သွားကြောင်း ကနဦးသတင်းရရှိပါသည်။
31-1-2020 နေ့ရက် ညပိုင်းမှာမျက်နှာဖုံးစွတ်နှင့်လူ 3 ဦးဝင်ရောက်လာပြီး လူကိုရိုက်နှက်ကာ ငွေသားခန့်မှန်း ကျပ်သိန်းတစ်ရာကျော်ပါသွားကြောင်းသိရှိရပြီးဆိုင်ကယ် 3စီးဖြင့် ထွက်ပြေးသွားကြောင်းသိရှိရပါသည်။
ဓနုဖြုမြို့နယ် ကျူံတနီးရဲစခန်းအပိုင်ဖြစ်ပြီးတရားခံများအားလိုက်ဖမ်းစီးနေကြောင်းကနဦးသတင်းရရှိပါသည်။
ကာယကံရှင်မှာ ဦးခေါင်း နဖူး ဒဏ်ရာနှင့်ခြေထောက်ပါကြို့းသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင် ကုသနေရကြောင်းသိရှိပါသည်။
SH MEDIA ပန်းတနော်ရုံး ၂