ဟောင်ေ ကာင်၊ ဖေဖော်ဝါရီ ၎

ဒီေ န့မနက်ပိုင်းက ဟောင်ကောင်မှာ အသက် ၃၇ အရွယ်အမျိုးသားတစ်ယောက် ဝူဟန်ကိုရိုနယဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ဗိုင်းရပ်စ်ကူးစက်ခံရလို့ဆေးရုံမှာကုသမှုခံယူနေစဉ် ရုတ်တရက်နှလုံးရပ်သေဆုံးခဲ့တာလို့ ဟောင်ကောင်မီဒီယာတွေမှာဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကြောင့် ဒုတိယမြောက်သေဆုံးမှုဖြစ်ပြီး တနင်္ဂနွေနေ့တုန်းကလည်း ပထမဆုံးအဖြစ် ဖိလစ်ပိုင်မှာ ဝူဟန်ကလာတဲ့ အသက် ၄၄ နှစ်အရွယ်တရုတ်အမျိုးသားတစ်ယောက်သေဆုံးခဲ့ပါတယ်။

ဟောင်ကောင်ကအမျိုးသားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဒီနေ့နေ့လည်မှာပြုလုပ်မယ့်သတင်းစာရှင်းလင်းပွဲမှာ ဟောင်ကောင်အစိုးရက ထုတ်ပြောသွားမယ်လို့ ဟောင်ကောင်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဒီနေ့တရုတ်အစိုးရထုတ်ပြန်တဲ့စာရင်းတွေအရတော့ တရုတ်ပြည်မကြီးမှာ ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄၂၅ ယောက်ရှိလာပြီး ကူးစက်ခံရသူအယောက် ၂၀၄၀၀ ရှိလာပြီလို့သိရပါတယ်။ ဟောင်ကောင်နဲ့တရုတ်ပြည်မကြီးဆက်တဲ့ နယ်စပ်ဝင်ပေါက် ၁၃ ခုထဲက ၁၀ ခုကိုပိတ်လိုက်ပြီလို့ ဟောင်ကောင်ခေါင်းဆောင် တနလ်ာနေ့မှာကြေညာခဲ့ပါတယ်။

Ref – CNA
Credit-Blacker