နာ ဆာ သိပ္ပံပညာရှင်တွေသာမက၊ အလွန်တက်ကျွမ်းနားလည်တဲ့ အာကသပညာရှင်တွေဟာ ကမ္ဘာမြေဆီကို ဝင်တိုက်နိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်ကြီးတစ်လုံးကြောင့် အတော်လေး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်အဲဒီဂြိုဟ်သိမ်ရဲ့နာမည်ကတော့ အယ်ပိုဖွင့်(စ်) ဖြစ်ပါတယ်။ DailyStar သတင်းစာရဲ့ ဖော်ပြချက်အရ အဆိုပါ ဂြိုဟ်သိမ်ဟာ အာကသထဲကနေ အရှိန်ပြင်းစွာနဲ့ လွင့်ပျံလာနေပြီး၊ ကမ္ဘာအတွက်တော့ ကောင်းတဲ့ သက်ရောက်မှုတွေ ယူဆောင်လာမှာ မဟုတ်ပါဘူးတဲ့။

ကမ္ဘာကို အဲဒီဂြိုဟ်သိမ်သာ ဝင်တိုက်မယ်ဆို လူ သန်းနဲ့ချီ အချိန်အနည်းငယ်အတွင်း သေဆုံးမှာပါနာဆာ ရဲ့ ကနဦးတွက်ချက်မှုတွေအရ ဒီဂြိုဟ်နဲ့ ကမ္ဘာတို့ လွဲချော်ဖို့ အလွန်ကျဉ်းမြောင်းတဲ့ အခွင့်အရေးသာရှိပြီး၊ ကမ္ဘာကို ဝင်တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်နဲ့ ခုနှစ်တွေကို နာဆာ က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အယ်ပိုဖွင့်(စ်) ဂြိုဟ်သိမ်ဟာ (၁၂၁၄)အကျယ်ရှိပါတယ်ကမ္ဘာကို ဝင်တိုက်မယ့်အရှိန်နဲ့ တွက်ချက်ကြည့်ရင်တော့ ကမ္ဘာပေါ်ကို တန်ပေါင်း (၁၂၀၀)မီဂါတန်ရှိတဲ့ ကျောက်ခဲကြီးတစ်လုံးနဲ့ ထုလိုက်သလိုဖြစ်စေမယ်လို့ ဆိုပါတယ်သို့မဟုတ် (၁.၂)သန်း ကီလိုတန်ရှိတဲ့ Kinetic Energy နဲ့ ညီမျှတယ်လို့ တွက်ချက်ထားပါတယ်အဆိုပါ အယ်ပိုဖွင့်(စ်) ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)မှ နိုဝင်္ဘာ(၁၃)အတွင်း ကမ္ဘာနဲ့အနီးဆုံး မိုင်(၁၉၀၀၀)အကွာကို ရောက်လာခဲ့ပြီး၊

ဒီအကွာအဝေးဟာ အာကာသယာဉ်တစ်ချို့ ကမ္ဘာကို လှည့်ပတ်နေတဲ့ မြေပြင်အကွာအဝေးနဲ့ တူညီနေပါတယ်။ (၂၀၂၉)မှာ အယ်ပိုဖွင့်(စ်) ဟာ ကမ္ဘာကို ပိုပြီး နီးကပ်စွာ ဖြတ်သန်းမှာပါဒီအကြိမ်မှာ ကမ္ဘာကို မတိုက်သေးဘူးဆိုရင်တောင် တိုက်နိုင်ဖွယ်ရှိတဲ့ နေ့ရက်တွေကို နာဆာက အခုလို ထုတ်ပြန်ထားပါတယ်ယင်းနေ့ရက်တွေကတော့ (၂၀၆၀)ခု ဧပြီလ (၁၂)ရက်၊ (၂၀၆၅)ခု ဧပြီလ(၁၁)ရက်၊ (၂၀၆၈)ခု ဧပြီ(၁၂)ရက်၊ ယင်းနှစ် အောက်တိုဘာ (၁၀)ရက်-(၂၀၇၆) ခုနှစ် ဧပြီ(၁၃)ရက်၊(၂၀၇၇)ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၇၈) ခုနှစ် ဧပြီ(၁၃)ရက်၊ (၂၀၈၉)ခုနှစ် အောက်တိုဘာ (၁၀)ရက်၊ (၂၀၉၁)ခုနှစ် ဧပြီလ(၁၃)ရက်၊(၂၁၀၃)ခုနှစ် ဧပြီလ (၁၄)ရက်တို့ဖြစ်ကြောင်း သိရပါတယ်။ ကမ္ဘာကို ဝင်တိုက်ခဲ့မယ်ဆိုရင် ဟီရိုရှီးမားကိုကျဲချတဲ့ အနုမြူဗုံးထက် (၁၅)ဆ ပိုပြီး ပြင်းထန်မယ်လို့ သိရပါတယ်။

credit