နိုင် ငံကျော် သရုပ်ဆောင် အကယ်ဒမီများဆုရှင် နန္ဒာလှိုင်တစ်ယောက်ကတော့ တစ်ခေတ်တစ်ခါက ကိုသားကြီးခေါ် ဒွေးနဲ့ အတော်လေးကို လိုက်ဖက်လှတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုသားကြီး နဲ့ နန္ဒာလှိုင်တို့ရဲ့ ကောင်းကင်အကြွေကောက်တဲ့လက် ဆိုတဲ့ ဇာတ်ကားလေးကတော့ ယနေ့တိုင် ပရိတ်သတ်တွေကနှစ်သက်နေကြဆဲဖြစ်ပါတယ်။

သရုပ်ဆောင် နန္ဒာလှိုင်ကတော့ အိမ်ထောင်ပြုပြီးတဲ့ နောက်ပိုင်းမှာ အနုပညာအလုပ်တွေကို စွန့်လွှတ်ပြီးတော့ မိသားစုဘဝလေးကို ထူထောင်ပြီး စီးပွားရေးကိုသာ ဦးတည်လုပ်နေခဲ့သူဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမဟာ မီဒီယာတစ်ခုမှာ ဖြေဆိုခဲ့တဲ့အပေါ်မှာ ပရိသတ်တစ်ဦးက ဝေဖန်လာတာကိုတွေ့ရပါတယ်။

အဲ့တာကတော့ နန္ဒာလှိုင်ရဲ့ ကလေးတွေဟာ အိမ်မှာဆိုရင် မြန်မာကားကို မကြည့်ဘူးဆိုတဲ့ ပြောဆိုချက်ပါပဲ။ ဒီအပေါ်မှာတော့ ပရိသတ်တစ်ဦးက မြန်မာသရုပ်ဆောင်မင်းသမီးရဲ့ သားသမီးတွေက မြန်မာကားတွေကို မကြည့်ဘူးဆိုပြီးဝေဖန်လာတာပါ။ ဒီအကြောင်းကို ပရိသတ်တွေပြလို့ မြင်ခဲ့ရတဲ့ သရုပ်ဆောင် နန္ဒာလှိုင်တစ်ယောက်ကတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲ တုန့်ပြန်ပြောဆိုလာပါတယ်။

“၁၀ နှစ် ၈ နှစ် ၅ နှစ် သမီးလေးတွေမြန်မာကားမကြည့်တာဘာဖြစ်လို့အဲလောက်နာနေရတာလဲဟင် နားမလည်ဘူး နိုင်ငံခြားကားတွေဘဲကြည့်တယ်လို့လဲမပြောမိပါဘူးနော် ကြည့်လဲမကြည့်ပါဘူး ကာတွန်းကားကြည့်တယ်လို့တော့ပြောလိုက်ပါတယ် ဘာလို့အဲလောက်ရန်လိုနေတာလဲဟင် ပျင်းလို့ဖွသည်” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။

ပရိသတ်ကြီး အနေနဲ့ရော အခုလို ဝေဖန်မှုနဲ့ သရုပ်ဆောင် နန္ဒလှိုင်ရဲ့ တုန်ပြန်မှုဟာ မှန်ကန်ကောင်းမွန်တယ်လို့ ထင်မြင်မိလားဆိုတာကိုလည်း ပြောပြပေးခဲ့ပါဦးနော်။

Writer – SMT ( Shwe Yaung Lan )
Source- Nandar Hlaing