Nikar ခေါ် လှနုထွ န်း တစ်ယောက်ကတော့ Image Consultant တစ်ဦးဖြစ်သလို ဆိုရှယ်မီဒီယာပေါ်မှာလည်း အိမ်ထောင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ပွင့်လင်းစွာမျှဝေတတ်သူမို့ မိန်းကလေးချင်း ကြားမှာပင် နာမည်ကြီးလှသူဖြစ်ပါတယ်။

သူ ဟာဆိုရင် အိမ်ထောင်ရေးသုခ ၊ အိမ်ထောင်သည် ဘဝ ၊ အိမ်ထောင်ရေးတည်တံ့စေမယ့် အကြောင်းများ ကိုလည်း ဝေဝေဆာဆာ ဆွေးနွေးလေ့ရှိပြီးတော့ သူ့ဆီမှာ ရင်ဖွင့်သူတွေ ကိုတော့ တစ်နာရီ တစ်သောင်းခွဲနဲ့ နားထောင်ပေးတဲ့ အလုပ်ကိုလည်းလုပ်ကိုင်သူဖြစ်ပါတယ်။ သူမဟာ အကောင်းဆုံး အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားနိုင်ပြီးတော့အိမ်ထောင် ထိန်းသိမ်းအပေါ်မှာလည်း ကျွမ်းကျင်သူဖြစ်တယ်လို့ ဆိုကြပါတယ်။
အခုလည်း အင်တာဗျူးတစ်ခုမှာတော့ ကိုယ်ယောက်ျားက သူများနဲ့ ဖောက်ပြန်နေရင်လက်ခုပ်တီးလိုက်ပါလို့ သူမရဲ့ပြောဆိုမှုကြောင့် ဝေဖန်မှုတွေ မြင့်တက်နေခဲ့ပါတယ်။

( ကိုယ့်ေ ယာက်ျားက အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုရင် လက်ခုပ်တီးလိုက်ပါ။ ဒါဟာ ကိုယ်ပျော်ရွှင်လွတ်လပ်ဖို့အတွက် သူက အခြားတစ်ယောက်နဲ့ ရှိနေခဲ့တာ။ အဲ့အချိန်တွေမှာ ဂျင်သွား ၊ အလှပြင် ၊ သင်တန်းတက် တွေ လုပ်လို့ရတယ်။ ကိုယ်ဒီလို လုပ်ဖို့အတွက် အခြားမိန်းမတစ်ယောက်က ကူညီပေးတယ်လို့ သဘောထားလိုက်ပါ။ အချိန်တန်လို့ ကိုယ့်ယောက်ျားပြန်လာချိန်မှာလည်း ကိုယ့်မှာ အတတ်ပညာ
စုံနေတော့ ယူရကျိုးနပ်လိုက်တာလို့ ထင်နေမှာပါ) လို့ သူမက ဆိုလာပါတယ်။

ဒီပြောဆိုမှုအပေါ်မှာတော့ ဝေဖန်မှုတွေ ရှိနေပြီးတော့ စကားအရာသာလွယ်ပေမယ့် တကယ်တမ်း ဒီလိုကြုံရရင် အချစ်ရှိတဲ့ ဘယ်မိန်းကလေးက လုပ်နိုင်ပါ့မလဲ။ လှနုထွန်းကိုယ်တိုင်ရော ဒီလို ကြုံခဲ့ရင် လုပ်နိုင်ပါ့မလား။ ဒါမှမဟုတ် ဒီလို ကြုံခဲ့တုန်းက ဒီလိုပဲဖြစ်ကျော်ခဲ့တာလားဆိုတာတော့ ပရိသတ်က ရှင်းရှင်းလင်းလင်း သိချင်နေကြပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Writer – SMT ( Shwe Yaung Lan )
Video- Zee Kweet TV