ယနေ့ ဟာဆိုရင်တော့ ဒီဇင်ဘာလ(၁၅)ရက်၊(၁၉၇၉)ခုနှစ်မှာ မွေးဖွားတဲ့ နိုင်ငံကျော်မင်းသမီးချော စိုးမြတ်နန္ဒာရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး အသက်(၄၀)နှစ်ပြည့်သွားပြီလည်းဖြစ်ပါတယ်။မင်သမီးချော စိုးမြတ်နန္ဒာရဲ့ မွေးနေ့ကိုတော့ တူမဖြစ်သူ စိုးပြည့်သဇင်မှ “Happy birthday မမဒါဒါ….မွေးနေ့ကစလို့သက်ရှည်ကျန်းမာစိတ်ချမ်းသာပါစေ….ကုသိုလ်တရားတွေလည်းအမြဲပြုပြီးမိသားစုနဲ့အမြဲပျော်ရွှင်ပါစေ” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

စိုး မြတ်နန္ဒာကတော့ တစ်ခေတ်တစ်ခါက ဒါဒါ ဆိုပြီး ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့အပြင် စိုးမြတ်နန္ဒာ ဆံပင်စတိုင်လ်ဆိုပြီး လိုက်ညှပ်ကြတဲ့အထိ ပရိသတ်အကြားရေပန်းစားခဲ့တဲ့ မင်းသမီးတစ်လတ်ပဲဖြစ်ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့တာလည်းဖြစ်ပါတယ်။သူကတော့ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုအောင် ကိုပိုင်နိုင်မှုကြောင့် (၂၀၀၁)ခုနှစ်တွင် “အချစ်ကို မွေးဖွားခြင်း”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပိုဆုကိုရရှိခဲ့ပြီး (၂၀၀၄)ခုနှစ်မှာလည်း “ချစ်ခြင်းငယ် ပြိုင်” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီး ဇာတ်ပို့ဆုကို ထပ်မံရရှိခဲ့ပါတယ်။စိုးမြတ်နန္ဒာကတော့ ညီမ(၄)ယောက် စုပေါင်းဖွင့်ထားတဲ့ “မင်းသမီး”ပိုးထည်တိုက်ကို ဦးစီးနေတာဖြစ်ပြီး သားလေးမြတ်သောမောင်ကို ပြုစုပျိုးထောင်ရင်းသာ ဘဝကို အေးချမ်းစွာဖြတ်နေတာပါ။

ပရိသတ်ရေ ကုသိုလ်တရားတွေအမြဲပြုပြီးမိသားစုနဲ့အမြဲပျော်ရွှင်နေတဲ့ နိုင်ငံကျော်မင်းသမီးချော စိုးမြတ်နန္ဒာကတော့ အသက်(၄၀)နှစ်ပြည့်သွားပြီမို့ ဆုမွန်ကောင်းတောင်းခဲ့ကြဦးနော်