ဒီေ ဆးနည်းကို ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။







ခရက်ဒစ် : Maung Maung

Unicode
“ဆီးအောင့်၊ ဆီးနည်း၊ ဆီးတော်တော်နဲ့ မထွက်တာတွေအတွက် ဆေးနည်း”

ဒီဆေးနည်းကို ကျေးဇူးတော်ရှင် မုံလယ် ဆရာတော်ကြီး တပည့် ကိုတိုးလေးမှ ဒေါက်တာဒေါ်မြင့်မြင့် မှတဆင့် ကျွန်တော်ထပ်ဆင့် သိရခြင်းပါ ခင်ဗျာ။

ငှက်ပျောသီး ဖီးကြမ်းတစ်လုံးကို အခွံပေါ်မှ အပေါက်ဖောက်ပါ။ ခွေးတောက်ရွက် (၇) ရွက် ပတ်ထုတ်ပြီး သုံးခွက်တစ်ခွက် တင်ပြုတ်ပါ။ အခွံခွာပြီးပြုတ်ပြီး ငှက်ပျောသီးစားပါ အရည်ကိုလည်း သောက်ပါ။

ကျွန်တော်ကိုယ်တိုင် ဆီးသွားပြီးသော်လည်း ထပ်သွားချင်နေတာ ဆီးတော်တော်နဲ့ မထွက်တာ၊ ဆီးအိမ်မှာ အောင့်နေတာ၊ ဆီးနည်းတာ စတာတွေသက်သာပြီး ကောင်းသွားလို့ အခုအဘအတွက် ပြုတ်ပေးရင်း မိတ်ဆွေတို့ တိုက်ဆိုင်သူများရှိရင်ပေါ့ ခင်ဗျာ။

အဘ ဦးဆန်းဝေကို နှာခေါင်းပိုက် ထည့်ထားရလို့ ပြုတ်ရည်ကိုပဲ ထည့်ပေးပြီးတဲ့အခါ ဆီးသွားရတာ အချိန်ပိုခြားသွားပြီး ဆီးများများထွက်ပြီး ဆီးသွားရတာ လွယ်သွားလို့ ထပ်ပြုတ်ပါဦးတဲ့ဗျာ။

လူအများအတွက်မို့ ရှယ်ပါဗျာ။ ငြုပ်သီးစားပြီး ဆီးအောင့်လေ့ရှိတဲ့ ဇနီးကလည်း ဝမ်းသာအားရ ဖုန်းဆက်လာတယ်။

ကျန်နေတဲ့ ငှက်ပျောသီး ဂွေးတောက်ရွက်ပြုတ် တစ်လုံး စားလိုက်တော့ သုံးညဆက်တိုက် ဆီးသုံးကြိမ် ထသွားရပြီး အခု ဆီးအောင့်နေတာ ပျောက်သွားသတဲ့ ခင်ဗျာ။

ဆီး ဆေး က ဆ ရာ ဝန် ခွင့် ပြု ချက် ပါ မှ ရောင်း ချ ခွင့် ရှိ တာ မို့ ဒီ နည်း ကို သာ သုံး ကြ ပါ လို့ ။ မိတ် ဆွေ တို့ လွတ် လပ် စွာ ရှယ် ကြ ပါ ခင် ဗျာ ကု သိုလ် ပြု ပါ တယ် ခင် ဗျာ ။ ကျန်း မာ ချမ်း သာ ကြ ပါ စေ ။

ခရက်ဒစ် : Maung Maung