တ ရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တခြားနိုင်ငံတွေထိပါ ကူးစက်ပြန့်နှံ့လျက်ရှိပါတယ်…အစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံမှာ မတွေ့ရပေမဲ့ လက်ရှိအချိန်မှာတော့ သံသယလူနာ ၆ ဦးထိ ရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောဆိုကြောင်း အကုန်သိ သတင်းဌာနက ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်….

အဆိုပါ သံသယ လူနာ ၆ ဦးမှာ မြန်မာနိုင်ငံသားကတော့ ၅ ဦးဖြစ်ပြီး နောက်တစ်ဦးကတော့ တရုတ်နိုင်ငံသားဖြစ်တယ်လို့ သိရပါတယ်…

မြန်မာနိုင်ငံသား ၅ ဦးကတော့ ဝူဟန်ကပြန်လာတဲ့ ကျောင်းသားတွေဖြစ်တယ်လို့ သိရပါတယ်တရုတ်နိုင်ငံသား သံသယလူနာကိုတော့ ဝေဘာဂီဆေးရုံမှာ ထားရှိတာဖြစ်ပြီး တရုတ်ကနေပြန်လာတဲ့ ကျောင်းသား ၅၉ ဦးကိုတော့ မန္တလေးက ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်….

ဒါကြောင့် လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ ၆ ဦးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်…

Writer – HW (Shwe Yaung Lan)

Source : Akonthi