လက် ရှိ တရုတ်နိုင်ငံ၊Wuhan မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ Corona ဗိုင်းရပ်စ်ဟာ ၂၀၁၉ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၀ ခုနှစ်အစောပိုင်းမှာ တော်တော်ခေတ်စားလာတဲ့ ကူးစက်ရောဂါဆိုးကြီးတစ်ခုဖြစ်ပြီး ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးတာကြောင့် လူတော်တော်များများဟာ အဆိုပါ Corona ဗိုင်းရပ် ကူးစက်ခံရမှာ တော်တော်ကြောက်ကြပါတယ်။ ဒီလိုနဲ့ လူတွေစိတ်ထဲ အကြောက်တရားကြီးစိုးလာပြီး Google လို သတင်းဇစ်မြစ် အကုန်သိရှိနိုင်တဲ့နေရာကနေပြီးတော့ Corona ဗိုင်းရပ်စ်အကြောင်းရှာကြပါလိမ့်မယ်။

ဒါပေမယ့် တစ်ဖက်မှာလည်း Corona ဘီယာဆိုတာ Corona ဗိုင်းရပ်စ် မပေါ်ခင်ကတည်းက ရှိနေတဲ့ ဘီယာအမျိုးအစားပါ။ ဒါကို လူတော်တော်များများက မသိပဲ Corona ဗိုင်းရပ်စ်ဟာ Corona ဘီယာနဲ့ ဆက်စပ်မှုရှိနေမယ်ထင်ပြီး Corona Beer Virus လို့ Google မှာ ရှာဖွေကြပါတယ်။ အထူးသဖြင့် Corona Beer virus, Beer Virus နဲ့ Beer Coronavirus စတဲ့ စကားလုံးတွေက ရှာဖွေမှု အများဆုံးပါ။ဒီလို ရှာဖွေမှုတွေဟာ ဇန်နဝါရီလ (၁၈)ရက်နေ့ ကစပြီး ဒီနေ့အထိ ရှာဖွေနေဆဲပါပဲ။Corona Beer Virus လို့ Google မှာ ရှာဖွေနေကြတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၈)ရက်ကနေ ၂၆ရက်အထိကို ရှာဖွေမှုက 2300 % မြင့်တက်လာကြောင်း Bussiness Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ရှာဖွေမှုအများဆုံးနိုင်ငံကတော့ ကမ္ဘောဒီးယားနိုင်ငံဖြစ်ပြီး စင်ကာပူ၊ တရုတ်နဲ့ သီရိလင်္ကာနိုင်ငံကသူတွေပါ တော်တော်များများရှာဖွေကြကြောင်း သိရပါတယ်။

ကျွန်တော်တို့ Corona ဘီယာနဲ့ Corona ဗိုင်းရပ်စ်က လုံးလုံးမဆိုင်ပါဘူး။ ကျွန်တော်တို့ customer တွေကို ကျွန်တော်တို့ ယုံကြည်ပါတယ်။လူတိုင်းလဲ မဆိုင်ဘူးဆိုတာ သိမယ်လို့ထင်ပါတယ်။အခုလိုCorana ဘီယာနဲ့ Corona ဗိုင်းရပ်စ်ဟာဘာမှ မသက်ဆိုင်ဘူးလို့ ထုတ်ပြောရတာလည်း Google မှာ Corona Beer Virus လို့ ရှာဖွေနေတဲ့ လူတွေက တစ်နေ့တစ်ခြားများလာလိုပါ” လို့ Corona ဘီယာကုမ္ပဏီမှ ဆက်သွယ်ရေးအကြီးပိုင်းအရာရှိတစ်ဦးဖြစ်တဲ့ Maggie Brown မှ Bussiness Insider သတင်းဌာနကို ပြောပြခဲ့ပါတယ်။ “Corona “ ဆိုတဲ့ စကားလုံးဟာ စပိန်စကားဖြစ်ဖြစ်ပြီး အင်္ဂလိပ်လိုဘာသာပြန်ရင်တော့ “ Crown(သရဖူ)” လို့ အဓိပ္ပာယ်ရပါတယ်။

Credit Shwemom