ပီး ခဲ့တဲ့ January လအစောပိုင်းက ရောဂါဖြစ်ပွားရာ ဝူဟန် မြို့ကနေ UK သို့ တိုက်ရိုက် ခရီးစဉ်ဖြင့် ပြန်လာခဲ့သည့် ခရီးသည်တွေဟာ ရာချီပြီးပျောက်ဆုံးလျက်ရှိနေပါသည်။အဆိုပါ ခရီးသွားများ ရာချီပျောက်ဆုံးနေသည့် သတင်းဟာ တရုတ်နိုင်ငံပြင်ပမှာရှိတဲ့ ရောဂါကူးစက်ခံရသူတစ်ဦးသေဆုံးခဲ့တဲ့အပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။

ခရီးသွားစုစုပေါင်း ၁၄၆၆ ဦးနဲ့ ဝန်ထမ်း ၉၅ ဦးတို့ဟာ ရောဂါဖြစ်ပွားရာမြို့ကနေ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၂၄ ရက် ကြားမှာ လေကြောင်းခရီးစဉ်နဲ့ ပြန်လည်ရောက်ရှိလာခဲ့ကြတာပါ။ အဆိုပါ အားလုံးထဲကမှ ခရီးသည် ၁၆၂ ဦးနဲ့ လေယာဉ်အမှုထမ်း ၅၃ ဦးတို့က UK မှာကျန်ခဲ့ပြီး နောက်ထပ် ၈၆၆ ဦးကတော့ ရောဂါဖြစ်ပွားတဲ့ကာလရဲ့ အပြင်ဘက်မှာ ရှိနေခဲ့တာပါ။

ပျောက်ဆုံးနေသည့် ခရီးသည် ၄၃၇ ဦးကိုတော့ ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ Public Health England ကပြောကြားခဲ့ပါတယ်။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံတစ်ကာရှိ အဖွဲ့အစည်းများနဲ့သာမက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO နှင့်ပါ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ပြီး ရောဂါစတင်ဖြစ်ပွားရာ တရုတ်သာမက တစ်ကမ္ဘာလုံးရဲ့ အခြေအနေတွေကိုပါ စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မနေ့ကပဲ တရုတ်နိုင်ငံ ပြင်ပမှာ ရောဂါကူးစက်မှုကြောင့် ပထမဆုံးသေဆုံးမှုအဖြစ်အပျက် ဖိလစ်ပိုင် နိုင်ငံမှာဖြစ်ပွားခဲ့တာပါ။ ယခုဆိုရင် ကမ္ဘာတစ်ဝန်းဖြစ်ပွားမှုပေါင်း ၁၄၀၀၀ အထိရှိလာပြီး သေဆုံးသူဦးရေ
အနည်းဆုံး ၃၀၄ ယောက်ထိ ရှိလာခဲ့ပြီဟု သတင်းများအရသိရပါတယ်။

England ရှိ ရောဂါဖြစ်ပွားသူ University of York မှ ကျောင်းသားတစ်ဦး နဲ့ သူ၏ဆွေမျိုး တစ်ဦး တို့ဟာ ရောဂါဖြစ်ပွားမှုကြောင့် ကုသမှုခံနေရပါတယ်။ Public Health England ကတော့ အဆိုပါ ဖြစ်ပွားသူ ၂ ဦးနဲ့ အနီးကပ်ထိတွေ့ဆက်ဆံ ခဲ့တဲ့ မည်သူမဆို ခြေရာခံစောင့်ကြည့်နေပြီး (အနီးကပ်ထိတွေ့ဆက်ဆံသူ ဆိုတာက အဆိုပါဖြစ်ပွားသူ နဲ့ ၁၅ မိနစ်တိုင်းအတွက် ၂မီတာအတွင်း ထိတွေ့ဆက်ဆံခဲ့သူ တွေကိုရည်ညွှန်းထားပါတယ် ) UK ကျန်းမာရေး ဌာနရဲ့ အကြီးအကဲ က ဖြစ်ပွားမှု အဆင့်တွေ နည်းနိုင်သမျှ အနည်းဆုံးဖြစ်အောင်လျော့နည်းစေဖို့ လုပ်ဆောင်နေပါတယ် ဟု ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့တဲ့ သူတွေကိုတော့ Arrowe Park Hospital, Wirral မှာသီးသန့် ထားရှိထားပြီး လူဦးရေ ၈၃ ယောက်ကို ယာယီ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုတွေ ပြုလုပ်ထားတာပါ။ ပြင်သစ်နိုင်ငံ မာဆေးမြို့ကနေ ပြန်လည်ရောက်ရှိလာမည့် ဗြိတိန်နိုင်ငံသား ၁၁ယောက်ကိုလည်း ၎င်းဆေးရုံမှာ ထားရှိသွားမှာပါ ဟု BBC မှ လာတဲ့ သတင်းများအရ သိရပါတယ်။

တရုတ်ကနေပြန်လာတဲ့ ခရီးသည် ဗြိတိန်နိုင်ငံသား မကျန်းမာသူတွေကို စစ်ဆေးမှုတွေပြုလုပ်ဖို့ ဗြိတန်အစိုးရက ကျန်းမာရေးစစ်ဆေးမှု အထူးအဖွဲ့ကို လန်ဒန် ဟီသရိုးလေဆိပ်ကိုစေလွှတ်ထားပြီးပါပြီ။ သို့ပေမယ့် လည်းဖြစ်ပွားမှုတွေ လက္ခဏာတွေက လေဆိပ်ကနေ စစ်ဆေးမှုတွေပြုလုပ်ပြီးမှ မြင့်တက်လာတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။Source;Metro