၂၀၁၉ ခုနှစ် ရဲ့ ပရိတ်သတ် စိတ်အဝင်စားဆုံး ဇတ်ကားကြီးကတော့ “မြမြ” ဆိုတဲ့ ဇတ်ကားကြီးပဲဖြစ်ပါတယ်။ အဆိုပါ ဇတ်ကားကြီးကိုလည်း ဖြစ်ရပ်မှန်ဇတ်ကားတစ်ခုအဖြစ် ဒါရိုက်တာ ညိုမင်းလွင်က အသက်သွင်းမှာဖြစ်ပါတယ်။ ဒီကားကြီးမှာ အဓိက ဇတ်ဆောင် မင်းသမီးအဖြစ် ပုရိသတို့အသည်းစွဲ သင်ဇာဝင့်ကျော်က သရုပ်ဆောင်မှာဖြစ်ပါတယ်။

ဒါ ရိုက်တာ ညိုမင်းလွင်ကလည်း အဆိုပါ ဇတ်ကားနဲ့ပတ်သတ်ပြီး သင်ဇာဟာ အဓမ္မပြုကျင့်ခံရတဲ့အချိန်မှာ အော်သံကအစ ဇတ်ဝင်ပြီး ပီပြင်လွန်းလှတယ်လို့ ချီးကျူးခဲ့ပါတယ်။ ဒါ့အပြင် ရိုက်ကွင်းမှာလည်း အနာတရ ဖြစ်ရတဲ့ အဖြစ်ထိတောင်ရှိတယ်လို့ပါတယ်။ အခြားသော သရုပ်ဆောင်များကလည်း ပီပြင်လွန်းခဲ့တယ်လို့ဆိုပါတယ်။ သင်ဇာဝင့်ကျော် နဲ့ပတ်သတ်ပြီး လက်ရှိ ရှိနေတဲ့ နေရာထက် ပိုမြင့်တဲ့ နေရာမှာ ရှိနေတဲ့ မင်းသမီးတစ်လက်ဖြစ်တယ်လို့ ဆိုပါတယ်။

မကြာသေးမီက သင်ဇာဝင်ကျော်ဟာ သူမရဲ့ လူမှုကွန်ယက်အကောင့်မှ Myday မှာ ((((အပြာကားရိုက်ရင်ကောင်းမလား)))) ဆိုပြီး တင်ခဲ့ပါတယ်။ ယင်း Myday နဲ့ပတ်သတ်ပြီး တော်တော်လေးကို ဂယက်ထသွားတဲ့အထိပါပဲ။ ယင်းကဲ့သို့ တင်ရတဲ့အကြောင်းကို သူမက ရန်ကုန်မြို့ JCGV မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ပြုလုပ်တဲ့ မြမြ ရုပ်ရှင်ဇတ်ကား Press Show မှာ ယခုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

သူမက အပြာရိုက်ရင်ကောင်းမလားဆိုပြီး Story လေးသာ တင်ခဲ့တာဖြစ်ကြောင်း၊ ယင်းကဲ့သို့ ခေါင်းစဉ်ကြီးတွေတပ်ပြီး ဖြန့်လိုက်တာ ရယ်ချင်စရာကောင်းကြောင်း၊ သို့ပေမယ့်လည်း အပျင်းပြေပါတယ်လို့ သူမက ဆိုပါတယ်။ ယင်းကိစ္စနဲ့ပတ်သတ်ပြီး သူမကို ဝေဖန်မှုတွေ မြင့်တက်ခဲ့ရပါတယ်။ လတ်တလောမှာလည်း သင်ဇာဟာ လက်ခံထားတဲ့ ရုပ်ရှင် ဇာတ်ကား ၂ ကားရှိပြီး အဆိုပါ ဇာတ်ကားတွေက တရုတ်-မြန်မာချစ်ကြည်ရေး ဇာတ်ကားတွေဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ သွားရောက်ရိုက်ကူးရမှာ ဖြစ်ပြီး ဒီ့အတွက်နဲ့ စိတ်ပူမိတဲ့ အကြောင်းကို အင်တာဗျူးတစ်ခုမှာလည်းပြောပြခဲ့ပါသေးတယ်။

Writer- ME(Shwe Yaung Lan)