၎ ၈ နှစ်အရွယ်အမျိုးသားက ၆၇ နှစ်အရွယ်အမျိုးသမီးအားအဓမ္မပြုကျင့်မှု ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ် စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုဒေသ၊ ကျန့်ချောင်းကျေးရွာ၊ ဂျို့ချောင်းအုပ်စုတွင် နေထိုင်သူဒေါ်——- ၊ ၆၇ နှစ်သည်နေအိမ်တွင်လေဖြတ်ထားသောခင်ပွန်းဖြစ်သူနှင့်အတူ ဖေဖော်ဝါရီလ ၂ ရက်၊ မွန်းလွဲ ၂ နာရီတွင်အတူရှိနေစဉ်နေအိမ်၏ခြေရင်းတစ်ခြံကျော်တွင်နေထိုင်သော ဌေးလှိုင်၊ ၄၈ နှစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့ေ နာက် ဒေါ်—— အား နေအိမ်အောက်သို့ပွေ့ချီကာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် အခင်းဖြစ်နေရာတွင်ပင် အိပ်ပျော်သွားစဉ် ကျေးရွာရပ်မိ/ရပ်ဖများအားခေါ်ယူပြသ၍ ဒေါ်—— က ဖဒိုနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ဖဒိုနယ်မြေရဲစခန်း၌ (ပ)၃၇/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

အကုန်သိ