သာ ယာဝတီ ဖေဖော်ဝါရီ – ၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီ မြို့နယ် ဂုံမင်းမြှောင်တွင် ဖွင့်လှစ်ထားသော ဟွာရှိန်အမည်ရှိ တရုတ်လူမျိုး များ ပိုင်ဆိုင်သော အထည်ချုပ် စက်ရုံတွင် တရုတ်လူမျိုး စစ်စစ်များဖြစ်ကြသော တရုတ်ပြည်မှ လာရောက်သူများအား ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ သက်ဆိုင်ရာမှ ကျန်းမာရေးအရ စမ်းသပ်စစ်ဆေးမှုများမပြုလုပ်ပဲ နေထိုင်ခွင့်ပြုနေသည်ဟု သတင်းစုံစမ်းသိရှိရသည်။

တရုတ်နှစ်ကူးရှိလို့ တရုတ်ပြည်ပြန်သွားတယ် တရုတ်မကြီး သူဌေးပေါ့နော် နှစ်စဉ်နှစ်တိုင်း သူဌေးက အဲ့လိုပဲပြန်နေကြ ဒါပေမဲ့ ဒီနှစ်ကြမှ သူပြန်သွားတာက ပြန်လဲ လာကော သူ့အိမ် တရုတ်ပြည်ကအမျိုးတွေဖြစ်ကြတဲ့ ကလေးတွေ အဘိုးကြီးအဘွားကြီးတွေ အမျိုးသား ဆိုသူတွေကိုပါ ဒီတစ်ခေါက် ခေါ်လာတာ တွေ့ရတယ် ခါတိုင်းနှစ် တွေပြန်တာ တရုတ်သူဌေးမ ယောက်ျား ခေါ်မလာဖူးဘူး သူတို့ပြောစကားအရ ဒါသူ့အမျိုးသားလို့သာ သိရတာပါ သူတို့ လာနေတာကလဲ ရဲတွေလုံခြုံရေးစောင့်ပေးတာကို သမီးတို့တွေ့ရပါတယ်လို့ ဟွာရှိန်အထည်ချုပ်

( အမည်လွှဲ ) မစုစုအေး မှပြောပါသည် ဆက်လက်ပြီး သမီးတို့ ဆီဒီတရုတ်တွေရောက်လာတော့ ဝူဟန်ဆိုလား ဘာလားမသိဘူး အဲ့ရောဂါ က ကြောက်စရာကောင်းတယ် ဆိုလို့ နှာခေါင်းစည်း mask စတိုမှာ သွားတောင်းတယ် ပစ္စည်းပြတ်နေတယ် မရှိဘူး ပြောလွှတ်တယ် မတော်လို့ အဲ့တရုတ်ပြည်က လာတဲ့ သူတွေမှာ အဲ့ရောဂါဆိုးပါလာရင် သမီးတို့ဆီကူးမှာကြောက်လို့ စက်ရုံဖွင့်ရင် သမီး အလုပ်မဆင်းတော့ဘူး ခွင့်ယူရင်ယူ မယူရင် အလုပ်ထွက်မယ် သမီးတို့ဆီတော့ အကူးမခံနိုင်ဘူး ဘယ်သူမှ လဲ လာပြီး ကျန်းမာရေးစစ်ဆေးတာလဲ မရှိဘူး တခုခု ဖြစ်လို့ ခံရမယ်ဆို သမီးတို့ မရှိဆင်းရဲသား တွေပဲ ဘာမှ နားမလည်ရင် ပိုခံရတယ် ဟုပြောပါသည်။

အခုတရုတ်တွေရောက်နေတယ် လူများတယ် ပေါ့နော် လေးငါးဆယ်ထက် မနည်း ရှိတယ် ယခင်က အဲ့လောက်မရှိဘူး သူတို့ နေထိုင်မယ်ဆို အကိုတို့ မြို့မှာ ဟိုတယ် မရှိဘူး ဘယ်လိုတွေ နေထိုင်ကြလဲတော့ မပြောတတ်ဘူးကွယ် အကိုတို့ ကြားဖူးတာတော့ နိုင်ငံခြားသား မြန်မာနိုင်ငံ မှာ တည်းမယ်ဆို ဟိုတယ်မှာ ပဲတည်းရမယ်လို့ ကြားဖူးထားတယ် ယခုလို မျိုးနေထိုင် နေကြတာကိုတော့ ဒါပထမဆုံး မြင်ဖူးတာပဲ ဟု မြို့ဒေသခံတစ်ဦးမှ ပြောကြားသည် ။

တရုတ်ပြည်က တရုတ်လူမျိုးတွေ အများကြီး ရောက်လာတယ် ဆိုတာတော့ ဟုတ်ပါတယ် ဆယ်ရက်လောက်ပဲရှိပါသေးတယ် သူတို့က ဟွာရှိန်စက်ရုံပိုင်ရှင်တွေပါ ကျန်းမာရေး စစ်ဆေးမှုတွေက အထက်ကညွန်ကြားမှ လုပ်ဆောင်မှာလား စမ်းသပ်တဲ့ပစ္စည်းကိရိယာမရှိရင်လဲ ပြည်သူတွေက သူတို့မှာ အဲ့ရောဂါ ရှိမရှိ မသိရတော့ ကျနော်တို့က ကူးစက်ခံရမှာလား နဂိုကထဲက ခရိုင်ပြည်သူ့ဆေးရုံက လူနာတွေ ဆေးရုံလာတက်တာ မကြိုက်မှန်း မသိကြတာကို မသိကြဘူးလားဗျာ သက်ဆိုင်တဲ့ အဆင့်ဆင့်က တာဝန်ရှိသူတွေကလဲ သတင်းထုတ်ပြန်ပေးပါ ကိုရိုနာ ကူးစက်ပြီး တော့ မျိုးတုန်းအောင် မသတ်ကြပါနဲ့လို့ပဲပြောချင်ပါတယ် ခုလိုအချိန်မှာ အရေးကြီးသတင်းတွေ ထုတ်ပြန်ပေးသင့်ပါတယ်ဟု အမည်မဖော်လိုသူ မြို့ဒေသခံ ပြည်သူများမှ ပြောပါသည် ။

#မြရှိန်

ဓာတ်ပုံ အွန်လိုင်းမှကူးယူဖော်ပြသည်