ပရိ သတ်တွေစိတ်ဝင်တစားစောင့်မျှော်ခဲ့ရတဲ့ မြမြရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးကတော့ လူမှုကွန်ရက်မှာ မြမြပူးကပ်ခံရတယ်လို့နာမည်ကြီးခဲ့တဲ့မခင်ဇာခြည်လွင်ရဲ့ဖြစ်ရပ်ကို အခြေခံကာရိုက်ကူးခဲ့တာဖြစ်ပြီး ပရိသတ်အချို့ရဲ့ဝေဖန်မှုကိုလည်း ရရှိခဲ့တာပါ။

အနုပညာအစစ်အမှန်ကို ဖန်တီးထားတာမဟုတ်ဘဲ ငါးပွက်ရာငါးစာချတဲ့အနေနဲ့ မြမြဇာတ်ကားကိုရိုက်ကူးခဲ့တယ်လို့ ဝေဖန်ခဲ့ကြတာဖြစ်ပေမယ့် မြမြရဲ့Press Show ပြသမှုအပြီးမှာတော့ ဝေဖန်သံတစ်ချို့ငြိမ်သက်သွားခဲ့တာပါ။ဒါရိုက်တာညိုမင်းလွင်ကတော့ မြမြရဲ့အကြောင်းအရာကို ကဏ္ဍတစ်ခုအနေနဲ့သာထည့်သွင်းခဲ့ပြီး ဇာတ်ကိုပံ့ပိုးပေးတဲ့မြုပ်ကွက်တချို့ကြောင့် ဝေဖန်မှုကနေ ချီးမွမ်းခံရတဲ့အခြေအနေကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒါပေမယ့် မြမြအတွက် စတုဒီသာအလှူဒါနပြုလုပ်ခဲ့တဲ့အချိန်မှာတော့ မခင်ဇာခြည်လွင်ကထပ်မံပူးကပ်ခံရတာကြောင့် ဝေဖန်နေဆဲပရိသတ်တွေကတော့ မြမြဒုတိယပိုင်းထပ်ရိုက်ဦးမယ်နဲ့တူတယ်လို့ ပြောဆိုသံတချို့ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဒီဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ဒါရိုက်တာညိုမင်းလွင်ကတော့ ကျွန်တော်ပြချင်တာအားလုံး တစ်နာရီနဲ့လေးဆယ့်သုံးမိနစ်အတွင်းမှာ ပြည့်စုံလုံလောက်အောင် ပြခဲ့ပြီးပါပြီ။Sequel လုံးဝရှိလာမှာမဟုတ်ပါဘူး လို့ရေးသားခဲ့ကာ နောက်တစ်ပိုင်းထပ်ထွက်လာတော့မှာမဟုတ်ကြောင်း သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးရေ မခင်ဇာခြည်လွင်ကတော့ နှစ်ကြိမ်တိတိပူးကပ်ခံခဲ့ရပြီဖြစ်ပြီး ဒါရိုက်တာညိုမင်းလွင်ကတော့ သူချပြချင်တဲ့အနုပညာတွေ အကုန်ပြပြီးပြီမို့ မြမြနဲ့ပတ်သက်ပြီး ဇာတ်ကားထပ်ထွက်ဖို့ မရှိတော့ပါဘူးတဲ့နော်။

Source Nyo Min Lwin
Credit Cele Gabar