တ ရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနှုန်း မြင့်မားနေတာနဲ့ ရင်ဆိုင်နေရပြီး ဗိုင်းရပ်စ်ရဲ့ အဓိက ကူးစက်ဖြစ်ပွားရာ ရင်းမြစ် ဝူဟန်မြို့မှာ ကိုရိုနာ ဆေးရုံသစ်ကြီးကို ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ဒီ ဆေးရုံ ကို ရှစ်ရက်နဲ့ အပြီးတည်ဆောက်ခဲ့တာ ဖြစ်ပြီး ကုတင် ၁၀၀၀ ဆံ့ ဆေးရုံဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရေး ဆေးရုံနှစ်ရုံကို တည်ဆောက်နေတာ ဖြစ်ပါတယ်။

နောက်ထပ် ဆေးရုံကတော့ အဆောက်အအုံဟောင်းကို မွမ်းမံပြီး တည်ဆောက်တာ ဖြစ်ကာ အခု ဆေးရုံက အားချင်းအသစ်တည်ဆောက်တဲ့ ဆေးရုံပဲ ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၆၁ ဦး ရှိပြီး ကူးစက်သူ ၁၇၀၀၀ ကျော်ထက်မနည်းရှိနေချိန် ဒီ ဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံအနေနဲ့ ကျားကုတ်ကျားခဲ လုံးလမ်းလျက် ရှိနေပါတယ်။

တရုတ်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးမှုအဖြစ် ဖိလစ်ပိုင်မှာ တနင်္ဂနွေနေ့က လူတစ်ဦး သေဆုံးကြောင်း သိရပါတယ်။
အဲဒီ သေဆုံးတဲ့သူဟာ ဝူဟန်မြို့က လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖိလစ်ပိုင်ကို မရောက်ခင် ကူးစက်ခံခဲ့ရပုံ ရှိပါတယ်။

နိုင်ငံတော်တော်များများကတော့ တရုတ်ကနေ လာရောက်တဲ့ နိုင်ငံခြားသားတွေကို တားမြစ်ထားပြီး တရုတ်နိုင်ငံသားတွေကိုလည်း ရောဂါခြေချုပ်နဲ့ ထားရှိထားပါတယ်။

တရုတ် အမျိုးသား ကျန်းမာရေးကော်မရှင်ရဲ့ တနင်္လာနေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ ၂၁၅၅၈ ဦး၊ ဆေးဝါးဆိုင်ရာ စောင့်ကြည့်နေရသူ ၁၅၂၇၀၀ ဦးနဲ့ ဆေးရုံကနေ ဆင်းသွားနိုင်သူ ၄၇၅ ဦး ရှိကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုက ၁၅၀ ကျော်ထက်မနည်း ရှိနေပြီ ဖြစ်ပါတယ်။
ဝူဟန်မြို့တည်ရှိရာ ဟူဘေးပြည်နယ်က ဆေးရုံတွေမှာ တိုးပွားလာနေတဲ့ ကိုရိုနာ လူနာဦးရေကို ကုသပေးနိုင်ရေး အသည်းအသန် လုံးပမ်းနေရပါတယ်။

Rf; BBC
Writer_ မောင်သံဆင့်(XYZ News)