



Ref: China Xinhua News


ကို ရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ တရုတ်နိုင်ငံ၌ လူနာ ၄၇၅ ဦး ဆေးရုံဆင်းခွင့်ရ ရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့ဖေဖော်ဝါရီ ၃ ရက်တွင်ထုတ်ပြန်ကြေညာလိုက်တာကို ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

ရော ဂါသက်လာလို့ ဆေးရုံမှ ဆင်းခွင့်ရသောလူနာအရေအတွက်မှာ ၁၄၇ ဦးရှိပြီး ယင်းတို့အနက် ၈၀ ဦးမှာ ဟူဖေပြည်နယ်အတွင်းမှ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ကထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းမှာ ဖေါ်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်စုစုပေါင်း သေဆုံးသူဦးရေဟာ ၃၆၂ ဦးအထိ ရှိသွားပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းဟာ ၁၇၃၈၇ ထက်မနည်း ရှိကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆေးရုံမှ ဆင်းခွင့်ရသူများ၏ ပုံရိပ်များ(ဆင်ဟွာ)

Ref: China Xinhua News

credit -Writer :HULK (XYZ News)