အခု အခ်ိန္မွာ အေၾကာက္ရဆုံးကူးစက္ေရာဂါတစ္မ်ိဳးျဖစ္တဲ့ ဝူဟန္ဗိုင္းရပ္စ္အေရး အျခားနိုင္ငံေတြက စီမံခ်က္ေတြ၊ ဝင္ခြင့္ထြက္ခြင့္ေတြ ကန႔္သတ္ၿပီး အေရးေပၚေဆာင္ရြက္ေနခ်ိန္မွာ ေသြးေအးေနဆဲ နိုင္ငံေတြလည္း ရွိေနပါတယ္။ အခ်ိဳ႕ေသာ နိုင္ငံေတြမွာေတာ့ စစ္ေဆးေရနဲ႔ပတ္သက္လို႔ ေခတ္မီတဲ့ကိရိယာေတြ မရွိေသးပါဘူး။ အခု ပညာရွင္ေတြကေတာ့ ေရာဂါပိုးရွိသူ အသုံးျပဳခဲ့တဲ့ ေရအိမ္ကို ဝင္ေရာက္အသုံးျပဳရာမွလည္း ေရာဂါ ကူးစက္ေစနိုင္တယ္လို႔ ပညာရွင္ေတြက သတိေပးခဲ့ပါတယ္။ အထူးသျဖင့္ ေရာဂါပိုးရွိသူရဲ့ မစင္မွာ ဒီဗိုင္းရပ္စ္ ပါဝင္လာနိုင္ၿပီး၊ အဲဒီအိမ္သာကို တစ္ျခားလူက သုံးမိတယ္ဆိုရင္ ေရာဂါကူးစက္ေစနိုင္တာပါ။

လူမွလူတစ္ဆင့္ ေရာဂါကူးစက္မႈအျပင္၊ ေရာဂါပိုးရွိေနတဲ့ အရာဝတၳဳေတြကို ကိုယ္တြယ္မိပါကလည္း မ်က္လုံးကေနတစ္ဆင့္ ေရာဂါပိုးေတြ ဝင္ေရာက္လာနိုင္ပါတယ္။ အထူးသတိထားရမွာက ေရာဂါပိုးကူးစက္ခံရသူဟာ ျပင္းထန္အဖ်ားေရာဂါတြင္သာမက ဆိုးရြားတဲ့ ဝမ္းေလၽွာမႈကို ျဖစ္ေစနိုင္တာ သတိထားဖို႔ လိုပါတယ္။

Chinese Academy of Science မွဌာနခြဲတစ္ခုျဖစ္တဲ့ Wuhan Institute of Virology မွ ပညာရွင္မ်ား၊ Renminbi Hospital of Wuhan University မွ ပညာရွင္မ်ားက ဝူဟန္ဗိုင္းရပ္စ္ရဲ့ ဗီဇဟာ လူရဲ့အစာေျခစနစ္ကိုပါ ပ်ံ႕ႏွံ့သက္ေရာက္နိုင္လို႔ အိမ္သာသုံးတဲ့အခါမွာလည္း ေရာဂါပိုးရွိသူနဲ႔ တသီးတစ္ျခားသုံးဖို႔ သတိေပးခဲ့တာပါ။

ဒီမတိုင္ခင္မွာ အေမရိကန္ လူနာတစ္ဦးရဲ့ မစင္မွာ ေရာဂါပိုးသက္ေရာက္မႈရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ မိဘျပည္သူမ်ားအေနနဲ႔ လက္တေလာမွာ အမ်ားျပည္သူသုံး သန႔္စင္ခန္းေတြ၊ လူအသုံးမ်ားတဲ့ သန႔္စင္ခန္းေတြကို အထူးေရွာင္ၾကဥ္ဖို႔ သတိထားရမွာ ျဖစ္ပါေၾကာင္း။

လင္းေဇာ္ကို (D Nae Khit)

Unicode

အခု အချိန်မှာ အကြောက်ရဆုံးကူးစက်ရောဂါတစ်မျိုးဖြစ်တဲ့ ဝူဟန်ဗိုင်းရပ်စ်အရေး အခြားနိုင်ငံတွေက စီမံချက်တွေ၊ ဝင်ခွင့်ထွက်ခွင့်တွေ ကန့်သတ်ပြီး အရေးပေါ်ဆောင်ရွက်နေချိန်မှာ သွေးအေးနေဆဲ နိုင်ငံတွေလည်း ရှိနေပါတယ်။ အချို့သော နိုင်ငံတွေမှာတော့ စစ်ဆေးရေနဲ့ပတ်သက်လို့ ခေတ်မီတဲ့ကိရိယာတွေ မရှိသေးပါဘူး။ အခု ပညာရှင်တွေကတော့ ရောဂါပိုးရှိသူ အသုံးပြုခဲ့တဲ့ ရေအိမ်ကို ဝင်ရောက်အသုံးပြုရာမှလည်း ရောဂါ ကူးစက်စေနိုင်တယ်လို့ ပညာရှင်တွေက သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ရောဂါပိုးရှိသူရဲ့ မစင်မှာ ဒီဗိုင်းရပ်စ် ပါဝင်လာနိုင်ပြီး၊ အဲဒီအိမ်သာကို တစ်ခြားလူက သုံးမိတယ်ဆိုရင် ရောဂါကူးစက်စေနိုင်တာပါ။

လူမှလူတစ်ဆင့် ရောဂါကူးစက်မှုအပြင်၊ ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုတွေကို ကိုယ်တွယ်မိပါကလည်း မျက်လုံးကနေတစ်ဆင့် ရောဂါပိုးတွေ ဝင်ရောက်လာနိုင်ပါတယ်။ အထူးသတိထားရမှာက ရောဂါပိုးကူးစက်ခံရသူဟာ ပြင်းထန်အဖျားရောဂါတွင်သာမက ဆိုးရွားတဲ့ ဝမ်းလျှောမှုကို ဖြစ်စေနိုင်တာ သတိထားဖို့ လိုပါတယ်။

Chinese Academy of Science မှဌာနခွဲတစ်ခုဖြစ်တဲ့ Wuhan Institute of Virology မှ ပညာရှင်များ၊ Renminbi Hospital of Wuhan University မှ ပညာရှင်များက ဝူဟန်ဗိုင်းရပ်စ်ရဲ့ ဗီဇဟာ လူရဲ့အစာခြေစနစ်ကိုပါ ပျံ့နှံ့သက်ရောက်နိုင်လို့ အိမ်သာသုံးတဲ့အခါမှာလည်း ရောဂါပိုးရှိသူနဲ့ တသီးတစ်ခြားသုံးဖို့ သတိပေးခဲ့တာပါ။

ဒီမတိုင်ခင်မှာ အမေရိကန် လူနာတစ်ဦးရဲ့ မစင်မှာ ရောဂါပိုးသက်ရောက်မှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ လက်တလောမှာ အများပြည်သူသုံး သန့်စင်ခန်းတွေ၊ လူအသုံးများတဲ့ သန့်စင်ခန်းတွေကို အထူးရှောင်ကြဉ်ဖို့ သတိထားရမှာ ဖြစ်ပါကြောင်း။

လင်းဇော်ကို (D Nae Khit)