( မန္တလေးမြို့ )
Ashin Pyin Nyar
#Unicodeဖြင့်ဖတ်ရန်
” မလှုနိုင်ရင်တောင်မှ ကိုရင်လေးအတွက် သာသနာတော်အတွက် ရှယ်ပေးကြပါအူး ”
မလှူ နိုင်ရင်တောင်မှ ကိုရင်လေးအတွက် သာသနာတော်အတွက် ရှယ်ပေးကြပါ
စာတော်တဲ့ ကိုရင်လေးပါ။တတ်နိူင်ရင် လှူဒါန်းပေးကြပါ
နှလုံးအဆို့ရှင်မှာ သွေးခဲနေလို့ သေမလိုဖြစ်နေတဲ့ ကိုရင်လေးပါ။
ကိုရင်လေးရဲ့ မိဘများ၏ ပုံရိပ်တွေကလည်း အရမ်းအားငယ်ပြီး ရင်ဆို့ကာ စိတ်မကောင်း အတော်ဖြစ်နေဟန်ပါ။
ကိုရင်ဘွဲ့တော်က ရှင်ဥတ္တမ သက်တော်က ၁၄နှစ် ဝါတော်က ၅.ဝါရှိပါပြီ။ ခင်ဦးမြို့နယ် ယောက်သွားအိုင်ကနေ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျာင်းမှာ စာဝါလိုက်နေတာပါ။
ဤကျောင်းတိုက်ဟာ ပရိယတ္တိသာသနာတော်မြတ်ကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲအောင် အမှန်တကယ် စည်းစနစ်ကျကျ အားထုတ်နေတဲ့ စာသင်တိုက်ပါ။
လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ရင်ဘတ်ထဲက တအားအောင့်လာလို့ ဆေးရုံမှာပြကြည့်တော့ နှလုံးအဆို့ရှင်မှာ သွေးခဲနေတာလို့ သိရပါတယ်။
သိရပေမယ့် ခွဲစိတ်ဖို့ပိုက်ဆံ မတတ်နိုင်တော့ ကြိတ်မှိတ်နေခဲ့ပေမယ့် အခုတော့ မရတော့ပါဘူး။
နှလုံးအခြေအနေမကောင်းလို့ မနက်ဖြန်မနက်ကိုအရေးပေါ် ခွဲရမှာပါ။
အခက်အခဲက ဆေးရုံက အခမဲ့ခွဲစိတ်ပေးပေမယ့်နှလုံးခွဲစိတ်ရာမှာသုံးရတဲ့ နှလုံးအတု စက်ကိုက ကုမ္ပဏီကဝယ်ရတာ ဆယ်သိန်းကျော်ပါတယ်။
နှလုံးက သူသဘာဝအလျှောက် အမြဲခုန်နေတာကြောင့် ဒီတိုင်းခွဲစိတ်လို့မရပါဘူး။
နှလုံးကိုငြိမ်အောင် ရပ်လိုက်ရပါတယ်။
နှလုံးကိုရပ်လိုက်ရင်လဲ လူနာသေသွားနိုင်သည်မို့ နှလုံးခွဲစိတ်နေစဉ်မှာ နှလုံးအတုစက်က နှလုံးရဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွှက်ပေးပါတယ်။
အဲ့စက်အကူအညီနဲ့မှ နှလုံးခွဲစိတ်လို့ရပါတယ်။နောက် နှလုံးကိုချုပ်ရတဲ့ချုပ်ကြိုးကိုက တသိန်းရှိပါတယ် ဒါလဲကုမ္ပဏီကဝယ်ရပါတယ်။
ဒါကြောင့် ကိုရင်လေးနှလုံးခွဲစိတ်ဖို့ ပိုက်ဆံအနည်းဆုံး ၁၅သိန်းလောက် လိုအပ်နေပါတယ်
( ဒါတောင် နှလုံးအဆို့ရှင် မကောင်းရင် လဲရရင် ဒီထက်ပိုကုန်နိုင်ပါတယ်)
ဒါကြောင့် ကိုရင်လေးအသက်ကို ဝိုင်းဝန်းကယ်တင်ပေးကြပါဦး။
ONE TO ONE ပြည်သူ့ကူညီရေးအဖွဲ့
ကိုဝမ်း ဖုန်း ၀၉၄၅၆၅၆၇၈၇၈
( မန္တလေးမြို့ )
Ashin Pyin Nyar