ရန္ ကုန္၊ ေဖေဖာ္ဝါရီ (၃)

လႈိင္ သာယာၿမိဳ႕နယ္မွာ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိ၊ မရွိစစ္ေဆးဆဲ တ႐ုတ္ႏိုင္ငံသားတစ္ေယာက္ကို ဒီေန႔ ေဖေဖာ္ဝါရီ(၃)၊ မနက္ပိုင္းကေတြ႕ခဲ့လို႔ လႈိင္သာယာေဆး႐ုံႀကီး အထူးၾကပ္မတ္ေဆာင္မွာ စစ္ေဆး ေနတယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဆီက သိရပါတယ္။

အ သက္(၃၂)ႏွစ္အ႐ြယ္ရွိတဲ့ ယူနန္ျပည္နယ္က တ႐ုတ္ႏိုင္ငံသားဟာ လႈိင္သာယာၿမိဳ႕နယ္၊ နဝေဒးဥယ်ာဥ္ အိမ္ယာမွာ ေနထိုင္သူျဖစ္ၿပီး အခုလႈိင္သာယာေဆး႐ုံအုပ္ႀကီးကိုယ္တိုင္ စီစစ္ေနၿပီး စစ္ေဆးခ်က္နဲ႔ကိုက္ညီရင္ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္သြားမယ္လို႔ သိရပါတယ္။

အခု လႈိင္သာယာၿမိဳ႕နယ္ထဲက စက္႐ုံေတြကို ဝင္ေရာက္လာတဲ့ တ႐ုတ္ႏိုင္ငံသားေတြကို က်န္းမာေရးစစ္ေဆး ေပးဖို႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားထားတယ္လို႔လည္း သိရပါတယ္။

“မနက္က စက္႐ုံေတြကို တ႐ုတ္ႏိုင္ငံသားေတြေရာက္လာတယ္ဆိုတဲ့ သတင္းေတြေတြ႕ေနရလို႔ပါ။ ဒီလိုစစ္ ေဆးေပးဖို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက တရားဝင္သတင္းထုတ္ျပန္ထားတာလည္းရွိပါတယ္။ ဒါေၾကာင့္ ေသေသခ်ာခ်ာၾကပ္မတ္ေဆာင္႐ြက္ဖို႔ ေထြအုပ္နဲ႔ က်န္းမာေရးဌာနကို ေျပာထားပါတယ္။” လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ဦးျမတ္မင္းသူက ေျပာပါတယ္။ လက္ရွိအခ်ိန္တြင္ အဆုိပါတရုတ္ႏုိင္ငံသားကုိ လႈိင္သာယာျပည္သူ႔ေဆးရုံႀကီးတြင္သာ ထားရွိစစ္ေဆးေနဆဲ ျဖစ္သည္ဟု ၄င္းကဆက္လက္ေျပာၾကားသည္။

အခုရက္ပိုင္းအတြင္းမွာပဲ ျမန္မာႏိုင္ငံက ျပည္နယ္နဲ႔ တိုင္းေဒသႀကီးတခ်ိဳ႕က ေဆး႐ုံႀကီးေတြမွာ ကို႐ိုနာဗိုင္း ရပ္စ္ပိုး ကူးစက္ခံရမႈရွိ၊ မရွိေစာင့္ၾကည့္ေနတဲ့လူနာ (၇)ေယာက္အထိရွိတယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္လက္ရွိအခ်ိန္ထိ ၁၇၂၃၈ ဦးကူးစက္ခံေနရၿပီး သံသယေစာင္ၾကည့္ထားသူ ၂၁၅၅၈ ဦး ရွိကာ ၃၆၁ ဦးေသဆံုးသြားၿပီျဖစ္သည္။

Credit-Blacker

Unicode

ရန် ကုန်၊ ဖေဖော်ဝါရီ (၃)

လှိုင် သာယာမြို့နယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊ မရှိစစ်ဆေးဆဲ တရုတ်နိုင်ငံသားတစ်ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ(၃)၊ မနက်ပိုင်းကတွေ့ခဲ့လို့ လှိုင်သာယာဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စစ်ဆေး နေတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဆီက သိရပါတယ်။

အ သက်(၃၂)နှစ်အရွယ်ရှိတဲ့ ယူနန်ပြည်နယ်က တရုတ်နိုင်ငံသားဟာ လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ် အိမ်ယာမှာ နေထိုင်သူဖြစ်ပြီး အခုလှိုင်သာယာဆေးရုံအုပ်ကြီးကိုယ်တိုင် စီစစ်နေပြီး စစ်ဆေးချက်နဲ့ကိုက်ညီရင် ဝေဘာဂီဆေးရုံကို ပို့ဆောင်သွားမယ်လို့ သိရပါတယ်။

အခု လှိုင်သာယာမြို့နယ်ထဲက စက်ရုံတွေကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ကျန်းမာရေးစစ်ဆေး ပေးဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

“မနက်က စက်ရုံတွေကို တရုတ်နိုင်ငံသားတွေရောက်လာတယ်ဆိုတဲ့ သတင်းတွေတွေ့နေရလို့ပါ။ ဒီလိုစစ် ဆေးပေးဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားတာလည်းရှိပါတယ်။ ဒါကြောင့် သေသေချာချာကြပ်မတ်ဆောင်ရွက်ဖို့ ထွေအုပ်နဲ့ ကျန်းမာရေးဌာနကို ပြောထားပါတယ်။” လို့ လွှတ်တော်ကိုယ်စားလှယ်ဦးမြတ်မင်းသူက ပြောပါတယ်။ လက်ရှိအချိန်တွင် အဆိုပါတရုတ်နိုင်ငံသားကို လှိုင်သာယာပြည်သူ့ဆေးရုံကြီးတွင်သာ ထားရှိစစ်ဆေးနေဆဲ ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံက ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့က ဆေးရုံကြီးတွေမှာ ကိုရိုနာဗိုင်း ရပ်စ်ပိုး ကူးစက်ခံရမှုရှိ၊ မရှိစောင့်ကြည့်နေတဲ့လူနာ (၇)ယောက်အထိရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ကြောင့်လက်ရှိအချိန်ထိ ၁၇၂၃၈ ဦးကူးစက်ခံနေရပြီး သံသယစောင်ကြည့်ထားသူ ၂၁၅၅၈ ဦး ရှိကာ ၃၆၁ ဦးသေဆုံးသွားပြီဖြစ်သည်။

Credit-Blacker