တ ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ က်န္ခဲ့ရတဲ့ ျမန္မာေက်ာင္းသား ၂ ေယာက္မွာ ဘာေရာဂါမွမရွိဘဲ တကၠသိုလ္ေက်ာင္းေဆာင္ေတြကို ျပန္ေရာက္သြားၿပီလို႔ ျမန္မာသံ႐ုံးက ထုတ္ျပန္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔ေနတဲ့ ဝူဟန္ၿမိဳ႕က ျမန္မာေက်ာင္းသားေတြကို ျပန္ေခၚေဆာင္ရာမွာ ၄ ေယာက္ က်န္ေနခဲ့တာျဖစ္ၿပီး အဲဒီထဲက ေက်ာင္းသား ၁ ေယာက္နဲ႔ ေက်ာင္းသူ ၁ ေယာက္တို႔ဟာ ကိုယ္အပူခ်ိန္ျမင့္ေနတာေၾကာင့္ က်န္ေနခဲ့ရတာျဖစ္ပါတယ္။ ဝူဟန္ၿမိဳ႕ က်န္းမာေရး အာဏာပိုင္ေတြက ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါမျပန႔္ပြားေရးဆိုင္ရာ လိုက္နာ ေဆာင္႐ြက္ရမယ့္ ကမာၻလုံးဆိုင္ရာ စည္းမ်ဥ္းေတြအရ ေလယာဥ္ေပၚလိုက္ပါဖို႔ တားျမစ္ခဲ့တာပါ။

သူတို႔ကို က်န္းမာေရး ဆက္လက္စစ္ေဆးခဲ့တာမွာ ကိုယ္အပူခ်ိန္ေတြဟာ ပုံမွန္အတိုင္းပဲ ရွိေနၿပီး ဘာေရာဂါမွမရွိတာကို ေတြ႕ရလို႔ သူတို႔ရဲ႕ တကၠသိုလ္ေက်ာင္းေဆာင္ေတြကို ျပန္ေရာက္ေနၿပီလို႔ ေပက်င္းၿမိဳ႕ ျမန္မာသံ႐ုံးက ဒီေန႔ ထုတ္ျပန္တာ ျဖစ္ပါတယ္။ သူတို႔ေနထိုင္ စားေသာက္တာ အဆင္ေျပဖို႔အတြက္လည္း ဟူေပျပည္နယ္၊ ႏိုင္ငံျခားေရးရာ႐ုံးနဲ႔ ဆက္သြယ္ေပးေနတယ္လို႔ ဆိုပါတယ္။

ဝူဟန္ၿမိဳ႕မွာ ရွိေနတဲ့ ျမန္မာေက်ာင္းသား ၆၃ ေယာက္ထဲက တေယာက္ဟာ ျပည္နယ္ ျပင္ပကိုေရာက္ေနၿပီး ေနာက္တေယာက္ကေတာ့ လဝကကိစၥေၾကာင့္ ျပန္လိုက္မလာႏိုင္တာလို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ က်န္တဲ့ ျမန္မာ ေက်ာင္းသား ၅၉ ေယာက္ကေတာ့ ဒီမနက္ ၄ နာရီေက်ာ္ေလာက္က မႏၲေလး အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ေရာက္လာခဲ့ၿပီး ကန္ေတာ္နဒီေဆး႐ုံမွာ သီးသန႔္ထား ေစာင့္ၾကပ္ေနပါတယ္။

Credit D Nae Khit

Unicode

တ ရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကျန်ခဲ့ရတဲ့ မြန်မာကျောင်းသား ၂ ယောက်မှာ ဘာရောဂါမှမရှိဘဲ တက္ကသိုလ်ကျောင်းဆောင်တွေကို ပြန်ရောက်သွားပြီလို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ ဝူဟန်မြို့က မြန်မာကျောင်းသားတွေကို ပြန်ခေါ်ဆောင်ရာမှာ ၄ ယောက် ကျန်နေခဲ့တာဖြစ်ပြီး အဲဒီထဲက ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်တို့ဟာ ကိုယ်အပူချိန်မြင့်နေတာကြောင့် ကျန်နေခဲ့ရတာဖြစ်ပါတယ်။ ဝူဟန်မြို့ ကျန်းမာရေး အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ရောဂါမပြန့်ပွားရေးဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမယ့် ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းတွေအရ လေယာဉ်ပေါ်လိုက်ပါဖို့ တားမြစ်ခဲ့တာပါ။

သူတို့ကို ကျန်းမာရေး ဆက်လက်စစ်ဆေးခဲ့တာမှာ ကိုယ်အပူချိန်တွေဟာ ပုံမှန်အတိုင်းပဲ ရှိနေပြီး ဘာရောဂါမှမရှိတာကို တွေ့ရလို့ သူတို့ရဲ့ တက္ကသိုလ်ကျောင်းဆောင်တွေကို ပြန်ရောက်နေပြီလို့ ပေကျင်းမြို့ မြန်မာသံရုံးက ဒီနေ့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ သူတို့နေထိုင် စားသောက်တာ အဆင်ပြေဖို့အတွက်လည်း ဟူပေပြည်နယ်၊ နိုင်ငံခြားရေးရာရုံးနဲ့ ဆက်သွယ်ပေးနေတယ်လို့ ဆိုပါတယ်။

ဝူဟန်မြို့မှာ ရှိနေတဲ့ မြန်မာကျောင်းသား ၆၃ ယောက်ထဲက တယောက်ဟာ ပြည်နယ် ပြင်ပကိုရောက်နေပြီး နောက်တယောက်ကတော့ လဝကကိစ္စကြောင့် ပြန်လိုက်မလာနိုင်တာလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့ မြန်မာ ကျောင်းသား ၅၉ ယောက်ကတော့ ဒီမနက် ၄ နာရီကျော်လောက်က မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာခဲ့ပြီး ကန်တော်နဒီဆေးရုံမှာ သီးသန့်ထား စောင့်ကြပ်နေပါတယ်။

Credit D Nae Khit