2019 Novel Coronavirus ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း (၂-၂-၂၀၂၀ ရက္ေန႔၊ ည (၈း၂၅) နာရီ)

တ ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကြမ္က်ိဳးၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ (၃၁-၁-၂၀၂၀) ရက္ေန႔တြင္ ေရာက္ရွိခဲ့သည့္ ျမန္မာႏိုင္ငံတြင္ အလုပ္လုပ္ေနသူ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသားသည္ (၂-၂-၂၀၂၀) ရက္ေန႔တြင္ ကိုယ္အပူခ်ိန္ျမင့္မားသျဖင့္ ေနျပည္ေတာ္ရွိ ပုဂၢလိက ေဆးခန္းတြင္ သြားေရာက္ျပသခဲ့ရာ အဆိုပါ ေဆးခန္းမွ ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႔ေဆး႐ုံႀကီးသို႔ ၫႊန္းပို႔ခဲ့ပါသည္။

အဆိုပါ အမ်ိဳးသားအား ေနျပည္ေတာ္ခုတင္ (၁၀၀၀) ဆံ့ျပည္သူ႔ေဆး႐ုံႀကီးရွိ သီးျခားခန္းတြင္ထားရွိကုသကာ အေသးစိတ္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ကိုယ္အပူခ်ိန္ျမင့္မားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ ႏွာေစးျခင္းလကၡဏာမ်ားေတြ႕ရွိရပါသည္။

အဆိုပါ အမ်ိဳးသားအား 2019 Novel Coronavirus ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါ သံသယလူနာအျဖစ္သတ္မွတ္၍ ေရာဂါရွိ၊ မရွိ အတည္ျပဳႏိုင္ရန္အတြက္ ၎ထံမွ ႏွာေခါင္းတို႔ဘတ္နမူနာ (Nasopharyngeal Swab) မ်ား ရယူၿပီး ရည္ၫႊန္းဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ပါသည္။

တ႐ုတ္ႏိုင္ငံမွ စတင္ျဖစ္ပြားသည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည္ဟု ျမန္မာႏိုင္ငံတြင္ သံသယလူနာ (၆) ဦးေတြ႕ရွိဟု က်န္းမာေရးဝန္ႀကီးဌာန ယေန႔ သတင္းထုတ္ျပန္ထာၿပီး ယခုလူနာသည္ (၇) ဦးေျမာက္ လူနာျဖစ္သည္။

Unicode

2019 Novel Coronavirus ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂-၂-၂၀၂၀ ရက်နေ့၊ ည (၈း၂၅) နာရီ)

တ ရုတ်ပြည်သူ့သမ္မတနိုင်ငံကွမ်ကျိုးမြို့မှ မြန်မာနိုင်ငံသို့ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ရောက်ရှိခဲ့သည့် မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသူ တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားသည် (၂-၂-၂၀၂၀) ရက်နေ့တွင် ကိုယ်အပူချိန်မြင့်မားသဖြင့် နေပြည်တော်ရှိ ပုဂ္ဂလိက ဆေးခန်းတွင် သွားရောက်ပြသခဲ့ရာ အဆိုပါ ဆေးခန်းမှ နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခဲ့ပါသည်။

အဆိုပါ အမျိုးသားအား နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးရှိ သီးခြားခန်းတွင်ထားရှိကုသကာ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်းလက္ခဏာများတွေ့ရှိရပါသည်။

အဆိုပါ အမျိုးသားအား 2019 Novel Coronavirus ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယလူနာအဖြစ်သတ်မှတ်၍ ရောဂါရှိ၊ မရှိ အတည်ပြုနိုင်ရန်အတွက် ၎င်းထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ရည်ညွှန်းဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု မြန်မာနိုင်ငံတွင် သံသယလူနာ (၆) ဦးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာန ယနေ့ သတင်းထုတ်ပြန်ထာပြီး ယခုလူနာသည် (၇) ဦးမြောက် လူနာဖြစ်သည်။