


Unicode

ဝူဟန် ရောဂါဖြစ်နေတဲ့ တရုတ်နိုင်ငံ ဟန်ကျိုးပြည်နယ် Zhejiang တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ထိုင်းကျောင်း နောင်းနိပေါ တစ်ဦးထဲကို တင်ဆောင် ပျံသန်းလာတဲ့ အဲယား အေးရှားAirASia လကြောင်းလိုင်း ခရီးသည်တင် လေယာဉ်ဟာ ဒီကနေ့နံနက် နှစ်နာရီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒိုမောင်းလေဆိပ်ကို ဆိုက်ရောက်လာပါတယ်။

နောင်းနိပေါ က သူ့သူငယ်ချင်းတွေကို သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာကနေနာမည်ကြီးပြီဟေ့ လေယာဉ်စင်းလုံးငှား ပြန်လာတာ 555555 လို့ ပိုစ့်တင်ထားတာလည်း တွေ့ရပါတယ်။ဝူဟန်မှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားနဲ့ အရပ်သားတွေ ၁၈၀ကျော်ကတော့ မြို့ ကိုပိတ်ထားတာကြောင့် သွားရောက်ခေါ်ဆောင်ဘို့အစိုးရချင်းဆွေးနေနေရပါတယ်။တချို့နိုင်ငံတွေကတော့ ဝူဟန်ကနေ နယ်စပ်ကို ကားနဲ့ ခေါ်ပြီး နယ်စပ်ကနေတဆင့် ပြည်တော်ပြန်နေကြပါတယ်၊ ဝူဟန်လေဆိပ်ကို တိုက်ရိုက် လေယာဉ်ဆင်းလို့မရ ဆင်းခွင့်မပေးပါဘူး။

တရုတ်နိုင်ငံတစ်ဝန်းမှာ ထိုင်းနိုင်ငံသားတွေ ထောင်နဲ့ ချီ နေထိုင်နေကြပါတယ်။ ဝူဟန်ရောဂါဆိုး ပြန်နှံ့တဲ့ ကာလမှာ ရောဂါကင်းဇုံ ပြည်နယ် လေဆိပ်တွေကနေ မိမိသဘောနဲ့ ပြန်လာနေကြတဲ့ ထိုင်းနိုင်ငံသားတွေမှာလည်းတက္ကသိုလ် ကျောင်းသား နောင်းနိပေါ လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ထူးထူးဆန်းဆန်း သူစီးမယ့် Air Asia အဲယားအေးရှား လေယာဉ်မှာခရီးသည်ဆိုလို့ သူတစ်ဦးသာရှိပြီးဟန်ကျိုးကနေ လိုက်ပါမယ့် ခရီသည်တွေ မရှိကြတော့လို့ လေယာဉ်စေီးလုံးဌား စီးတဲ့သူလို သူတစ်ဦးတည်း ပါလာခဲ့တာပါ။၀၂-၀၂-၂၀၂၀ နေ့ရက်မှာ ထူးခြားတဲ့ သူလို့ ဆိုရမှာပါ၊