တ နင်္ဂနွေသားသမီး
မမျော် လင့်ဘဲ မိမိဖြစ်ချင်သော ဆန္ဒများကို အကောင်အထည် ဖော်ခွင့်ရနူိင်သော အခွင့်အလန်းကောင်းများ ကြုံရပါလိမ့်မည် အိုးအိမ် အရောင်းအဝယ် ကိစ္စများ အဆင်ပြေပါမည် ဈေးကောင်းရရှိနိုင်သော အချိန်ပါ ကျန်းမာရေးတွင် ဇက်ကြောများ လေးလံ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် အချစ်ဟောင်းနှင့် ပြန်အဆင်ပြေတတ်သော အချိန်ပါ ထီ14ပါသောထီထိုးပါ
ယတြာ ငါးစာမကြာခဏကျွေးပါ
တနင်္လာသားသမီး
ဟန်ဆောင်ကောင်းသော မိတ်ဆွေ အပေါင်းအသင်းများကြောင့် မိမိပိုင်ပစ္စည်းများ ပျောက်ရှတတ်ပါသည် လုပ်လက်စ အလုပ်တွေ ခေတ္တခဏ ရပ်နားထားရပါလိမ့်မည် ငယ်ရွယ်သူများ ပညာရေးမှာ စိတ်မပါဘဲ အချစ်ရေးကိစ္စတွေနှင့်သာ အချိန်ကုန်နေပါလိမ့်မည် ကျန်းမာရေးတွင် လိပ်ခေါင်းဝေဒနာ စဖြစ်တတ်ပါတယ် အပူအစပ်များ လျှော့စားပေးပါ ထီ13ပါသောထီထိုးပါ
ယတြာ ပေါင်မုန့် ပေါ်တွင်ပဲပြုတ်တင်၍ဘုရားလှူ ပေးပါ
အင်္ဂါသားသမီး
ဘဝအတွက် မိမိရဲ့ကြိုးစားမူကို လုံးဝမရပ်တန့်ဘဲ အရှိန်မြှင့်ကြိုးစားလိုက်ပါ သင့်အောင်မြင်မူအတွက် အကူအညီကောင်းများလည်း ရရှိပါလိမ့်မည် ချစ်သူနှင့်အဆင်မပြေမူများ အထင်အမြင်လွဲမှား ခံရခြင်းများ ကြုံနေရပါလိမ့်မည် ဆွေမျိုးသားချင်း လုပ်ဖော်ကိုင်ဖက်များအတွက် ငွေကြေးစိုက်ထုတ်ပေးရတတ်ပါသည် ကျန်းမာရေးတွင် အဆုတ်အအေးမိခြင်း ခံစားရပါလိမ့်မည်။ ထီ 18ပါသောထီထိုးပါ
ယတြာ ကွမ်းရွက်ကိုကန်တော့ထိုးလက်ဖက်ထည့်၍ဘုရားလှူ ပေးပါ
ဗုဒ္ဓဟူးသားသမီး
ဒီလိုအချိန်တွေမှာ ရာထူးတိုးတာတွေ လုပ်ငန်းအရှိန်အဟုန် ပိုမြင့်လာတာမျိုးတွေကြုံရပါလိမ့်မည် ကောင်းကံရဲ့အကျိုးပေးကြီးကို ပြည့်ပြည့်ဝဝခံစားရပါလိမ့်မည် စက်ပစ္စည်းအဟောင်းတွေ အဝင်မခံပါနှင့် အကယ်၍ အဝင်ခံခဲ့ပါက အိမ်တွင်းရေး အဆင်မပြေမူတွေကြုံရတတ်ပါသည် ကျန်းမာရေးတွင် ဒူးအဆစ်အမြစ်တွေ ညောင်းညာနေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် တွေ့လျှင်လွမ်းနောက်ကွယ်ရောက်လျှင်မေ့နေတတ်သော ချစ်သူ၏ စကားတွေအပေါ် မယုံသော်လည်း ချစ်ခြင်းမေတ္တာကြောင့် လက်ခံယုံကြည်ပေးနေရပါလိမ့်မည် ထီ၁၉ပါသောထီထိုးပါ
ယတြာ ရဟန်းတစ်ပါးအားအနေကထိုင်လှူ ပေးပါ
ကျော်ဘိုဘိုဟိန်း
ကြာသာပတေးသားသမီး
အမွေအနှစ်များရရှိတတ်သလို တန်ဖိုးရှိသော ကျောက်မျက်ရတနာများ ရရှိတတ်ပါသည် နေအိမ်တွင် ပျားစွဲတာဌက်အသိုက်လာလုပ်တာမျိုးတွေကြုံရတတ်ပါသည် အကယ်၍ ထိုသို့ကြုံရပါက ထိုအောက်ခြေတွင် ရွှေရည်ငွေရည် မကြာခဏလောင်း၍ ရွှေပျားငွေပျားများ အခုလိုလာရောက်တာ ကြိုဆိုပါတယ်ဟု ပြောပေးပါ မကြာခဏလုပ်ပါ ထူးခြားစွာထီဆုကြီးများ ထပေါက်ပါလိမ့်မည် ကျန်းမာရေးတွင် ဇက်ကြောများလေးလံ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် အိုးချင်းထားအိုးချင်းထိကြိုးချင်းထားကြိုးချင်းငြိဆိုသလို ရည်းစားကိုယ်စီရှိကြပေမယ့် အနေနီးသော လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအပေါ် သံယောဇဉ်ပိုနေမိမည် ထီ၃၉ပါသောထီထိုးပါ
ယတြာ ဘုန်းကြီးကျောင်းတွင်ဆွမ်းဟင်းခွက်ဗူးလေးတွေလှူ ပေးပါ
သောကြာသားသမီး
ခရီးဝေးထွက်ရတတ်သော ကာလပါ မီးရထားခရီးတွေ အထူးရှောင်ပါ ထူးထူးခြားခြား အိပ်မက်များမြင်မက်ပါလိမ့်မည် မရောက်ဘူးသေးသော ဒေသများကိုလည်း ရောက်ရှိပါမည် ထူးခြားသော အဆောင်ကျောက်လေးများလည်း ဝင်လာပါလိမ့်မည် ကျန်းမာရေးတွင်မျက်ရိုးများကိုက်၍ မျက်စိမှုန်လာတတ်ပါသည် ငယ်ရွယ်သူများ အချစ်ရေးတွင် အလွန်ကံကောင်းနေပါမည် စန်းလည်းအလွန်ပွင့်နေပါလိမ့်မည် ထီ ၁၈ပါသောထီထိုးပါ
ယတြာ တနင်္လာထောင့်တွင်ဂန္ဓမာပန်း၂ပွင့်လှူ ဒါန်းပေးပါ
စနေသားသမီး
အစည်းအဝေးတွေ မကြာခဏတက်နေရတတ်ပါသည် ငွေမရဘဲ လူမုန်းခံရသော အလုပ်တွေ လုပ်နေမိတတ်ပါသည် ငယ်ပေါင်း မိတ်ဆွေများနှင့် ပြန်လည်တွေ့ဆုံခွင့်ရရှိပါမည် သားသမီးဆွေမျိုး ကျန်းမာရေးချူချာမူကြောင့် ငွေအကုန်အကျများ နေပါလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် အနေဝေးပေမယ့် ပို၍ပို၍လွမ်းနေရမည် တမ်းတသတိရနေရမည် ထီ၁၄ပါသောထီထိုးပါ
ယတြာ ရာဟုထောင့်နှင့်စနေထောင့်တွင်ရေသက်စေ့လောင်းလှူ ပါသန့်ရှင်းရေးပြုလုပ်ပါ
ကျော်ဘိုဘိုဟိန်း