


Ref – CGTN

Unicode

ဝူ ဟန်၊ ဖေဖေါ်ဝါရီ ၃ – တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြုပစ္စည်းများကို သယ်ဆောင်လားသည့် တပ်မတော်လေယာဉ် (၈) စီးသည် ဝူဟန်မြို့ တန်ဟေးလေဆိပ်သို့ ယနေ့ (ဖေဖေါ်ဝါရီ ၂ ရက်) နံနက်ပိုင်းက ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။

ယ င်း ဆေးတပ်ဖွဲ့ဝင်များသည် ဝူဟန်မြို့တွင် အသစ်ဆောက်လုပ်ထားသည့် Huoshenshan ဆေးရုံတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိလာကြသော ကိုရိုနာဗိုင်းရပ်စ်သင့် လူနာများကို ပြုစုစောင့်ရှောက်ကြမည်ဖြစ်သည်။

လေယာဉ် (၈) စီးသည် ဆေးတပ်ဖွဲ့ဝင် ၇၉၅ ဦးနှင့် အထောက်အကူပြုပစ္စည်း ၅၈ တန်ကို သယ်ဆောင်လာခဲ့ကြသည်။

Ref – CGTN